တရုတ် ရှုတ်ချဆန္ဒပြပွဲအား ဟောင်ကောင်ရဲများ ဖြိုခွင်း

တရုတ် ရှုတ်ချဆန္ဒပြပွဲအား ဟောင်ကောင်ရဲများ ဖြိုခွင်း

ဟောင်ကောင်၊ နိုဝင်ဘာ ၇ ။                      ။ ဟောင်ကောင်တွင် အမတ်နေရာအား လွတ်လပ်ရေးထောက်ခံသည့် ဥပဒေပြုအမတ်နှစ်ဦး မရရှိအောင် တရုတ်နိုင်ငံက စီစဉ်လာခြင်းအပေါ် စိတ်ဆိုးဒေါသထွက်ကြ၍ ထောင်ပေါင်းများစွာသော ပြည်သူများ ဆန္ဒပြကြသည်ကို ရဲက ငရုတ်ရည်စပရေးများ ထိုးဖျန်းခြင်းဖြင့် လူစုခွဲခဲ့သည်။

Sixtus Leung နှင့် Yau Wai-ching တို့နှစ်ဦးအား အမတ်နေရာမှ တားမြစ်မည့် ဟောင်ကောင်ဥပဒေတစ်ရပ်အား ပြဌာန်းနိုင်ရေး တရုတ်နိုင်ငံက လုပ်ဆောင်နေခြင်းဖြစ်သည်။ ဥပဒေပြု ဆုံးဖြတ်ချက်က ယနေ့ နိုဝင်ဘာ ၇ ရက်တွင် ချမှတ်မည်ဖြစ်သည်။

တရားရေးလုပ်ပိုင်ခွင့်များအတွင်းမှသာ တရုတ်နိုင်ငံက လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ဟောင်ကောင်ပြည်သူအများစုက အမိန့်ဥပဒေအားဖြင့် တရုတ်က အုပ်စိုးနိုင်အောင် လုပ်ဆောင်နေခြင်းအဖြစ် စွပ်စွဲကြသည်။

တရုတ်နိုင်ငံရှိ ထိပ်တန်းဥပဒေပြုခုံရုံးက တရုတ်နိုင်ငံအနေဖြင့် အငြင်းပွားနေမှုအား ကြားဝင်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောသည်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်၍   ဟောင်ကောင် လွတ်လပ်ရေး ထောက်ခံသူများကို ဟန့်တားပိတ်ပင်ခြင်းကို လုပ်ဆောင်ရမည်သာဖြစ်ကြောင်း ယင်းခုံရုံးက ပြောသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ဟောင်ကောင်ရှိ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တွင် ရဲနှင့် ဆန္ဒပြသူတစ်ချို့ လုံးထွေးတွန်းထိုးတိုက်ခိုက်ခဲ့ကြသည်။ ဆန္ဒပြသူများက ငရုတ်ကောင်းရည်များဖြင့် ပက်ဖျန်းခံရသည်ကို ထီးများဖြင့် ကာကွယ်ကြပြီး တစ်ချို့ကလည်း ရဲများကို ပုလင်းများဖြင့် ပစ်ပေါက်ကြသည်။

ပွဲစီစဉ်သူများက အဆိုပါ ဆန္ဒပြမှုတွင် ပြည်သူအင်အား တစ်သောင်း အနည်းဆုံးရှိကြောင်း ပြောသည်။ ရဲတပ်ဖွဲ့ကမူ ဆန္ဒပြမှုအတွင်း လူပေါင်း ၈၀၀၀ နီးပါး ရှိသည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly