ဖိလစ်ပိုင်မှာ လူရာပေါင်းများစွာက ပက်ကွီယိုရဲ့ လက်ဝှေ့ပွဲစဉ်ကို ဧရာမဖန်သားပြင်ပေါ်မှ ကြည့်ရှု

ဖိလစ်ပိုင်မှာ လူရာပေါင်းများစွာက ပက်ကွီယိုရဲ့ လက်ဝှေ့ပွဲစဉ်ကို ဧရာမဖန်သားပြင်ပေါ်မှ ကြည့်ရှု
(ဓာတ်ပုံ - အီးပီအေ)

လက်ဝှေ့ကြိုးဝိုင်းထဲ တစ်ကျော့ပြန်ဝင်လာတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီယိုဟာ အမိမြေနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးတဲ့နေရာမှာ ပြိုင်ဘက် ဂျက်ဆီဗားဂတ်စ်ကို သွားရောက်ထိုးသတ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေက တီဗီဖန်သားပြင်မှတစ်ဆင့် စောင့်ကြည့်ခဲ့ကြပါတယ်။

မြို့တော်မနီလာ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာ မယ်ရီကီးနားမြို့ရှိ မြူနီစီပယ်ခန်းမမှာ ပက်ကွီယိုရဲ့ လက်ဝှေ့ပွဲကို  ကြီးမားတဲ့ တီဗီဖန်သားပြင် သုံးခုမှာ ပြသခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်၊ လက်စ်ဗီဂစ်မှ ထိုးသတ်မယ့် ပွဲစဉ်ကို ကြည့်ရှုဖို့ တီဗီတစ်လုံးကိုတော့ သက်ကြီးရွယ်အိုများအတွက် ခန်းမအတွင်းမှာ တပ်ဆင်ခဲ့ပြီး ကျန်နှစ်လုံးကိုတော့ မိသားစုတွေအပါအဝင် လူ ၄၅၀ ခန့် လူတိုင်းကြည့်ရှုနိုင်ဖို့ အပြင်မှာ ပြင်ဆင်ထားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီယိုက ပြိုင်ဘက် ဂျက်ဆီဗားဂတ်စ်ကို အမှတ်နဲ့အနိုင်ရခဲ့ကြောင်း သိရပါတယ်။

၂၀၁၅ ခုနှစ် မေလက ရာစုနှစ်ရဲ့အကြီးကျယ်ဆုံး လက်ဝှေ့ပွဲအဖြစ် နာမည်ကြီးပွဲစဉ်မှာ မေဝဲလ်သာက ပက်ကွီယိုကို အနိုင်ရခဲ့တဲ့ပွဲကို ပြန်ထိုးသတ်သင့်တယ်လို့ ကြည့်ရှုနေတဲ့ လူအုပ်ထဲက တစ်ချို့က ပြောပါတယ်။

ပက်ကီယိုက တီမိုသီဘရက်ဒလေကို ပြီးခဲ့တဲ့ ဧပြီလမှာ အနိုင်ရပြီးနောက် လက်ဝှေ့လောကကို စွန့်ခွာခဲ့သူဖြစ်ပါတယ်။

ထာဝရ အခမ်းနားဆုံး လက်ဝှေ့သမားများထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံရသူ အသက် ၃၇ နှစ်အရွယ် ပက်ကီယိုဟာ ၂၀၁၀ ခုနှစ်ကတည်းက ကွန်ဂရက် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လက ဖိလစ်ပိုင် အထက်လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly