ရခိုင်လူငယ်ညီလာခံကျင်းပနိုင်ရေး အကြိုညီလာခံတရပ်ပြုလုပ်မည်

ရခိုင်လူငယ်ညီလာခံကျင်းပနိုင်ရေး အကြိုညီလာခံတရပ်ပြုလုပ်မည်
ဓာတ်ပုံ - AYC

စစ်တွေ၊ နိုဝင်ဘာ ၆ ရက် ။             ။ ရခိုင်လူငယ်ညီလာခံတစ်ရပ် ကျင်းပနိုင်ရေးအတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ခုစီမှ ကိုယ်စားလှယ် (၅) ဦးစီ ပါဝင်သည့် အကြိုညီလာခံတစ်ရပ်ကို  ဒီဇင်ဘာ ၂၅ ရက်မှ ၂၉ ရက်ထိ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ကျင်းပမည်ဖြစ်သည်။

ညီလာခံဖြစ်မြောက်ရေးအတွက် ရခိုင်လူငယ်များအနေနှင့် ၂၀၁၆ မတ်လမှ စတင်ကာ ပြင်ဆင်နေကြခြင်း ဖြစ်သည်။

"ခုကျနော်တို့က အကြိုညီလာခံလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ညီလာခံအကြီး မဟုတ်သေးပါဘူး။ ဒီအကြိုညီလာခံကို လုပ်ရတာက ရည်ရွယ်ချက် သုံးခုရှိပါတယ်။ ဒါက ညီလာခံရဲ့ မျှော်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေပေါ့။ နောက်တစ်ပိုင်းက ဘယ်လိုကျင်းပမှာလဲ။ ဘယ်လိုအကြောင်းရာတွေကို ဆွေးနွေးမလဲပေါ့။ နောက်ဆုံး တစ်ခုက ညီလာခံ ကျင်းပဖို့ ဦးဆောင်ကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့ဖို့ အကြိုညီလာခံက်နေ ရွေးချယ်ဖို့ပေါ့။" ဟု ရခိုင်လူငယ်ညီလာခံ အစပြုကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးဆန်းအောင်က ပြောသည်။

အကြိုညီလာခံ ကျင်းပနိုင်ရေးအတွက် ယနေ့ နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့ Jasmine Palace Hotel တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို  ကော်မတီဝင်များက  ပြုလုပ်ခဲ့သည်။

ရခိုင်လူငယ်ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ကော်မတီဝင်များမှ ယခုအချိန်ထိ ထုတ်ဖော်ရှင်းလင်းခြင်း မရှိသေးသလို အကြိုညီလာခံမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း အစပြုကော်မတီ၏  ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးဆန်းအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly