အသေးစားဒဏ်ရာကြောင့် ဂျာမနီအသင်းလူစာရင်းမှ ဘိုတန်နုတ်ထွက်

အသေးစားဒဏ်ရာကြောင့် ဂျာမနီအသင်းလူစာရင်းမှ ဘိုတန်နုတ်ထွက်

နိုဝင်ဘာ ၆၊ ဂျာမနီ ။            ။ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျာရိုမီဘိုတန်သည် အပေါ့စားဒဏ်ရာကြောင့် ဆန်မာရီနို၊ အီတလီတို့နှင့် ကစားမည့် ဂျာမနီအသင်း၏ ကစားသမားစာရင်းမှ နုတ်ထွက်သွားခဲ့သည်။

ဂျာမနီအသင်းသည် လာမည့်အပတ်တွင် ဆန်မာရီနိုအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမည်ဖြစ်ပြီး ထို့နောက်တွင် အီတလီအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ဘိုင်ယန်မြူးနစ်နှင့် ဟော့ဖင်ဟိန်းတို့ တစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည်ကို အကြောင်းပြကာ ဂျာမနီအသင်း၏ ကစားသမားစာရင်းမှ ဘိုတန်နုတ်ထွက်သွားခြင်းဖြစ်သည်။ ဘိုင်ယန်အသင်း ဥက္ကဋ္ဌရူမင်နစ်ဂီက ဘိုတန်၏ ဒဏ်ရာမှာ စိုးရိမ်စရာမရှိသော်လည်း ၎င်းတို့အနေဖြင့် မစွန့်စားလိုကြောင်း ပြောဆိုခဲ့သည်။

‘ဘိုတန်ရဲ့ ဒဏ်ရာက အရမ်းကြီး မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးနဲ့ သူ့ကို ဂျာမနီအသင်းဆီ ပေါ့ပေါ့ဆဆ မစေလွှတ်ချင်ပါဘူး’ ဟု ရူမင်နစ်ဂီက ပြောဆိုခဲ့သည်။

ဘိုတန်သည် ယခုရာသီတွင် ကြွက်သားဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်အသင်း၏ရာသီအစပွဲစဉ်ကို လွဲချော်ခဲ့သော်လည်း ပြိုင်ပွဲစုံတွင် ၁၀ ပွဲပါဝင်ကစားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly