ဂျကာတာမြို့တော်တွင် ဆန္ဒပြမှုများကြောင့် အင်ဒိုသမ္မတ သြစတြေးလျခရီးစဉ် ရွှေ့ဆိုင်း

ဂျကာတာမြို့တော်တွင် ဆန္ဒပြမှုများကြောင့် အင်ဒိုသမ္မတ သြစတြေးလျခရီးစဉ် ရွှေ့ဆိုင်း

ဂျကာတာ၊ နိုဝင်ဘာ ၅ ။           ။ ဂျကာတာမြို့တော်ဝန်အား ဆန္ဒပြရာတွင် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်နေသောကြောင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သြစတြေးလျနိုင်ငံသို့ သွားမည့် ချစ်ကြည်ရေးခရီးစဉ်ကို ရွှေ့ဆိုင်းလိုက် သည်။

“နိုင်ငံတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် သမ္မတအနေနဲ့ ရှိနေဖို့ လိုနေပြီး သမ္မတ ဂျိုကိုဝီဒိုက သြစတြေးလျနိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တာပါ” ဟု သမ္မတရုံး ၏ မီဒီယာနှင့်   ပြန်ကြားရေးဆိုင်ရာ အကြီးအကဲ ဘေမက်ချ်မူဒင်က ပြောကြားသည်။

ဂျိုကိုဝီဒိုဒို၏ သြစတြေးလျ ခရီးစဉ်ကို နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ စီစဉ်ထားခဲ့သည်။

နှစ်နိုင်ငံကြားဆက်ဆံရေးသည် အကောင်းဆုံးအနေအထားတွင် ရှိနေပြီး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ရန် နှစ်နိုင်ငံစလုံးက လိုလားလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက   ပြောကြားသည်။

အောက်တိုဘာ ၄ ရက်က ခရစ်ယာန်ဘာသာဝင်မြို့တော်ဝန်အား သဘောထားတင်းမာသူ အစ္စလာမ်ဘာသာဝင်များက ဆန္ဒပြပွဲတွင် ရဲများနှင့် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တစ်ဦး   သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags