ပုံပြောသူ၏ ထောင်တွင်းအတွေ့အကြံုတွေကို အနုပညာလက်ရာမြောက်အောင် ဘယ်လိုပုံဖော်မလဲ

ပုံပြောသူ၏ ထောင်တွင်းအတွေ့အကြံုတွေကို အနုပညာလက်ရာမြောက်အောင် ဘယ်လိုပုံဖော်မလဲ
 ပြပွဲအတွက် ဂိုသဲဗီလာတွင် ပြင်ဆင်နေပုံ။ (ဓာတ်ပုံ- Htein Lin Facebook)

နိုင်ငံရေး တက်ကြွလှုပ်ရှားသူလည်းဖြင့် ပုံပြောသူ (story teller) တစ်ဦးဖြစ်သည့် ကိုထိန်းလင်းက ၎င်းထောင်ကျစဉ် အတွင်းဖြတ် သန်းခဲ့ရသည့် အဖြစ်အပျက်များကို အနုပညာလက်ရာများဖြင့်  တစ်ကိုယ်တော်ပြပွဲကို ပထမဦးဆုံးပြုလုပ် ကျင်းပသွား မည်ဖြစ် သည်။

"ကိုယ်ဘဝ မှာကြုံတွေ့ခဲ့ ရတာတွေနောက်နိုင်ငံရေး အကျဉ်းသားတွေ ဘဝအခက်ခဲတွေကို  အနုပညာကနေ ဝေမျှတာပါ၊ ဇတ်လမ်းပုံစံနဲ့ ပုံဖော်ထားတာပါ" ဟု ပုံပြောသူ ကိုထိန်လင်းက မဇ္ဈိမကိုပြောသည်။

ပြပွဲကို ဇူလိုင် ၂၅ မှ သြဂုတ်လ ၂၃  ရက်အထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ ဂိုသဲဗီလာတွင် နံနက် ၆နာရီမှ ညနေ ၆နာရီခွဲအထိ ကျင်းပမည်ဖြစည်။ ယင်းပြပွဲ၌ အနုပညာ လက်ရာသစ် ၈ခုပါဝင်မည် ဖြစ်ကာ "Nathalie Johnston"မှ တာဝန်ခံ၍ "Goethe- Institut မြန်မာက စုစည်းစီစဉ်ခြင်းဖြစ်သည်။

ပြပွဲတွင်ထောင်ကျစဉ်က ကြုံတွေရသည့် ဆေးရုံ၊ အကျဉ်းထောင်၊ တရားရုံးများ၊ တားမြစ်ထားသည့် ပန်ချီးဆေးရေးနှင့် စုတ်တံများ ကို အသုံးပြု၍  ပန်းချီကားများအပြင် ထောင်တွင်း၌ ပုံမှန်ထုတ်ပေးသည့် ဆပ်ပြာတုံး၊ အခြားအကျဉ်းသား များရေးသားထားသည့် လက်ရေးမဂ္ဂဇင်း စသည်တို့ဖြင့် ထောင်အတွင်းဝတ္ထုပုံပြင်ကို သရုပ်ဖော် ပြသသွားမည်ဖြစ်သည်။

ကိုထိန်လင်း၏ ရုပ်၊ အသံကို မာလ်တီမီဒီယာအပြင် နည်းလမ်းပေါင်းစုံဖြင့် တင်ဆက်ကာ ပန်းချီ၊ ပန်းပု၊ ရုပ်ထု၊ ဗွီဒီယို၊ ဓာတ်ပုံ တို့ဖြင့် အသက်ဝင်အောင် တင်ဆက်မည်ဖြစ်သည်။

Story Teller ကိုထိန်လင်းသည် ငယ်ရွယ်စဉ်က သဘင် နှင့် သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တော်လှန်ရေး စစ်သည်တစ်ဦး နှင့် နိုင်ငံရေးအမှုဖြင့် ၂၀၀၄ခုနှစ်အထိ ထောင်ကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly