မန်ယူမှကစားသမားများ လျှော့ချရာတွင် ကွင်းလယ်လူဒီပေး ဦးဆုံးထွက်ခွာရဖွယ်ရှိ

မန်ယူမှကစားသမားများ လျှော့ချရာတွင် ကွင်းလယ်လူဒီပေး ဦးဆုံးထွက်ခွာရဖွယ်ရှိ

နိုဝင်ဘာ ၅၊ မန်ချက်စတာ။              ။ မန်ယူအသင်းအနေဖြင့် ခြေစွမ်းမပြနိုင်သောကစားသမားများကို လာမည့်ရာသီမတိုင်ခင် လျှော့ချဖွယ်ရှိနေရာ ကွင်းလယ်လူ ဒီပေးမှာ ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်း ဦးဆုံးထွက်ခွာရဖွယ်ရှိနေသည်။

လွန်ခဲ့သည့် ၁၇ လကမှ ပေါင် ၂၅ သန်းဖြင့် ပြောင်းလာသည့် ဒီပေးသည် ဖီနာဘာချီနှင့် အစ္စတန်ဘူတွင် ကြာသပတေးနေ့က ကစားသည့် ယူရိုပါလိဂ်ပွဲ၌ချန်လှပ်ခံရပြီးနောက်   မော်ရင်ဟို အနာဂါတ် လူစာရင်းတွင်  ပါဝင်ခြင်းမရှိဟု လက်ခံသွားခဲ့သည်။

နယ်သာလန်တောင်ပံကစားသမားသည် ယခုနှစ်ရာသီတွင် နော်သမ်တန်နှင့်ကစားသည့် EFL ဖလားပွဲတစ်ပွဲသာ ပွဲထွက် ကစားသမားအဖြစ်အသုံးပြုခံခဲ့ရပြီး ဇန်နဝါရီတွင် ကစားသမားဘဝသစ်ပြန်စရန် ဆန္ဒရှိနေသည်။

အခြားကစားသမားများဖြစ်သည့် ရှနိုင်ဒါလင်း၊ ရိုဟိုနှင့် ဒါမီယန်တို့လည်းရုန်းကန်နေရချိန်တွင် မော်ရင်ဟို ဖီနာဘာချီကို ၂-၁ ဖြင့် ရှုံးနိမ့်မှုအတွက် ကစားသမားများကို ပြစ်တင်ဝေဖန်ထားသည်။

ယင်းကစားသမားများ ယခုနှစ်ရာသီထက်ကျော်လွန်ပြီး အသင်းတွင်ဆက်နေရဖွယ်မရှိဘဲ ရှဝိန်းစတိုင်ဂါနှင့်အတူ လျှော့ချခံရဖွယ် ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly