တောင်တရုတ်ပင်လယ် အရေးတွင် အပေးအယူ မရှိကြောင်း အင်ဒိုနီးရှားပြော

တောင်တရုတ်ပင်လယ် အရေးတွင် အပေးအယူ မရှိကြောင်း အင်ဒိုနီးရှားပြော

မဲလ်ဘုန်း၊ နိုဝင်ဘာ ၅ ။                      ။ အငြင်းပွားတောင်တရုတ်ပင်လယ်အရေးတွင် နိုင်ငံ၏ အချုပ်အခြာနှင့် ပတ်သက်ပြီး အပေးအယူ လုပ်စရာမလိုကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အမေရိကန်မဟာမိတ် သြစတြေးလျသို့ အလည်အပတ်ခရီးမသွားရောက်မီ ပြောလိုက်သည်။

အဆိုပါ အငြင်းပွားရေပြင်တွင် သြစတြေးလျနှင့် အင်ဒိုနီးရှားတို့ ပူးပေါင်းရေတပ်ကင်းလှည့်ရန် စဉ်းစားလျက်ရှိကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလိုင်ဘစ်ရှော့က ပြောခဲ့ပြီးနောက် သမ္မတဂျိုကိုဝီဒိုဒို၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းလည်းဖြစ်သ်ည။

နှစ်စဉ် ကုန်စည်ဖြတ်သန်းမှု အမေရိကန်ဒေါ်လာ ၅ ထရီယံရှိသည့် တောင်တရုတ်ပင်လယ် ရေပြင်အားလုံးနီးပါးကို တရုတ်က ပိုင်ဆိုင်ကြောင်း အတည်ပြုထားသည်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ယင်းရေပြင်ပိုင်ဆိုင်မှုကို အတည်ပြုထားကြသည်။

“အင်ဒိုနီးရှားရဲ့ အချုပ်အခြာပိုင် ရေပြင်ဖြစ်တာကြောင့် ဒီတောင်တရုတ်ပင်လယ်အရေးမှာ အပေးအယူညှိစရာ မလိုဘူး။”ဟု နိုဝင်ဘာ ၅ ရက်၌ ဝီဒိုဒိုက ပြောလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက အင်ဒိုနီးရှားနိုင်ငံသည် နက်တူနာကျွန်းစုရေပြင်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုကို စစ်လေယာဉ်များဖြင့် လုပ်ဆောင်ခဲ့သည်။

သမ္မတဝီဒိုဒိုအနေဖြင့် သြစတြေးလျနှင့် အပြန်အလှန်ကုန်သွယ်မှု ပြန်လည်ဖော်ဆောင်ရန်နှင့် ဆက်ဆံရေး ပြန်လည်နွေးထွေးရန် နိုဝင်ဘာ ၆ ရက်တွင် သြစတြေးလျဝန်ကြီးချုပ် မယ်ကွန်းတန်းဘူးနှင့် တွေ့ဆုံမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags