ပြည်တွင်း ခရီးသည် ထွက်ခွာဆောင် Terminal 3 အဆောက်အအုံအသစ်ကို နိုဝင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်

ပြည်တွင်း ခရီးသည် ထွက်ခွာဆောင် Terminal 3 အဆောက်အအုံအသစ်ကို နိုဝင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အတွင်း တည်ဆောက်နေတဲ့ ပြည်တွင်း ခရီးသည် ထွက်ခွာဆောင် Terminal 3 အဆောက်အအုံအသစ်ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေတယ်လို့ ဆင်ဟွာက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ခရီးသွားဧည့်သည်များ အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် Terminal 1 နှင့် Terminal 2 တို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု Terminal 3 ကို အချိန်မီ ပြီးစီးရေး ဆောင်ရွက်နေပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း လုပ်ဆောင်နေလို့ သိရပါတယ်။
 
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း တည်ဆောက်ခဲ့တဲ့ တိုးချဲ့လေဆိပ် အဆောင်သစ်များဖြစ်တဲ့ Terminal 1 ကို မတ်လအတွင်းက ဖွင့်လှစ်ခဲ့ပြီး အဆိုပါအဆောက်အအုံသစ်ဟာ အလျား ၂၄ဝ မီတာ၊ အကျယ် ၉၇ ဒသမ ၇ မီတာရှိ RC & Steel Building ဖြစ်ကာ မြေအောက်ခန်း အပါအဝင် ငါးထပ် အဆောက်အအုံ ဖြစ်ပါတယ်။ အဆိုပါအဆောက်အအုံတွင် ယာဉ်ရပ်နားတဲ့နေရာမှ ဝင်ထွက် သွားလာနိုင်တဲ့ အလျား ၁ဝ၁ မီတာ၊ အမြင့် ၂၄ ဒသမ ၄ မီတာရှိ Sky Link နှင့်ဆက်သွယ် ဆောက်လုပ်ထားကြောင်း သိရသည်။

ယခု တည်ဆောက်ထားတဲ့  Terminal 1 တိုးချဲ့ဆောင်အသစ်ကို လက်ရှိတွင် ပြည်ပ လေကြောင်းလိုင်းများက စတင် အသုံးပြုနေရှိပြီး မကြာမီ Terminal 3 ကိုလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ၎င်းတာဝန်ရှိသူက ဆင်ဟွာကို ပြောပါတယ်။

Source: Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly