‘နားလည်မှုတွေ လွဲမှားခြင်း’အတွက် မန်စီးတီးကွင်းလယ်လူ တိုရေး တောင်းပန်

‘နားလည်မှုတွေ လွဲမှားခြင်း’အတွက် မန်စီးတီးကွင်းလယ်လူ တိုရေး တောင်းပန်
(ဓာတ်ပုံ - အီးပီအေ)

"အတိတ်က နားလည်မှုတွေ လွဲမှားခြင်း"အတွက် မန်ချက်စတာစီးတီး ကွင်းလယ်လူ ယာယာတိုရေးက ကလပ်အသင်းအား တောင်းပန်လိုက်တယ်လို့ သိရပါတယ်။

တိုရေးဟာ ပထမအသင်းမှာ ပါဝင်ကစားဖို့ဆိုရင် အေးဂျင့် ဆီလက်"တောင်းပန်ရပါမယ်"လို့ စက်တင်ဘာလတုန်းက ဂွာဒီယိုလာ ပြောဆိုခဲ့ပါတယ်။

"ကျနော်အပါဝင်၊ ကျနော့်ရဲ့ ကိုယ်စားလှယ်တွေ ကိုယ်စား တာင်းပန်လိုပါတယ်။"လို့အဆိုပါ အိုင်ဗရီကို့စ်ကစားသမားက ပြောပါတယ်။

အသက် ၃၃ နှစ်ရှိ ကစားသမားက "မန်စီးတီး နောက်ထပ်အောင်မြင်ဖို့ ကူညီလို"တယ်လို့ ဆက်ပြောပါတယ်။

"အဲဒီဖော်ပြချက်တွေက ကလပ်အပေါ် ဒါမှမဟုတ် ဒီမှာရှိတဲ့ လုပ်ကိုင်နေသူတွေအပေါ်မှာ ကျနော့်ရဲ့ ထားရှိတဲ့ သဘောထားအမြင်တွေကို ကိုယ်စားမပြုပါဘူး။ ကျနော်နဲ့ ဘာမှကို မဆိုင်တဲ့ အကြောင်းအရာတွေပါ။ ကျနော်က ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် မန်စီးတီးအပေါ် လေးစားမှု အပြည့်ရှိပြီး  ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတစ်သင်းဖြစ်လာဖို့ပဲ ဆန္ဒရှိတဲ့သူပါ။"လို့ မန်စီးတီးအတွက် သြဂုတ်လ ၂၄ ကတည်းက ကစားခွင့်မရရှိတဲ့ တိုရေးက သောကြာနေ့က ထည့်သွင်း ပြောဆိုပါတယ်။

"ဒီကလပ်သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကစားခွင့်ရခဲ့တာကိုပဲ ကျနော်က အများကြီး ဂုဏ်ယူပြီး အနာဂတ်မှာ အောင်မြင်မှုတွေအတွက်လဲ ကူညီပေးချင်ပါတယ်။ ကျနော် ဘောလုံးကစားဖို့ ရှင်သန်နေတာမို့ ပရိသတ်တွေကို ဖျော်ဖြေမှုတွေ ပေးချင်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်နွေနဲ့ ပတ်သက်လို့ ကျနော့်ရဲ့ ခက်ခဲခဲ့တဲ့ ကာလအတွင်း မက်ဆေ့ချ်တွေ ပို့ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ"လို့ တိုရေးက ဆက်ပြောပါတယ်။

အာဖရိက အကောင်းဆုံးဘောလုံးသမားဆု (၄) ကြိမ်ရ တိုရေးဟာ ဘာစီလိုနာမှ ပေါင် (၂၄) သန်းနဲ့ မန်းစီးတီးအသင်းကို ၂၀၁၀ ခုနှစ်က ရောက်ရှိလာပြီးနောက်ပိုင်း ပွဲပေါင်း (၂၆၇) ပါဝင်ကစားရာ (၇၅) ဂိုး သွင်းယူခဲ့ပါတယ်။

တိုရေးဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံ (၂) ကြိမ်၊ အက်ဖ်အေဖလား (၁)ကြိမ်နှင့် လိဂ်ဖလား (၂)ကြိမ် ဆွတ်ခူးထားပါတယ်။

Ref; BBC    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly