ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်းမှ လယ်ယာမြေဧက ၂၉၀ကို မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်

ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်းမှ လယ်ယာမြေဧက ၂၉၀ကို မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်

မန္တလေး၊နိုဝင်ဘာ ၄ ။                          ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ဗဟိုမီးသတ်သင်တန်းကျောင်းမှ သိမ်းယူထားသည့် မြေများအနက် ပိုလျှံ နေသည့် မြေ ၂၉၀ ဧကအား မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ရန်အတွက် စီစစ်မှုများ ပြုလုပ်နေသည်ဟု ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက မဇ္ဈိမကို ပြောသည်။

ပြင်ဦးလွင်မြို့နယ်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း က"တိုင်းအစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့ အညီပေးအပ်နှံဖို့လုပ်နေပါတယ်။အမှန်တကယ်ပေးအပ်မယ့်အချိန်ကျရင် အားလုံးကိုပြောမှာပါ" ဟု ပြောသည်။

အဆိုပါ စွန့်လွှတ်ပေးအပ်မည့်မြေများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့် အညီပြန်လည်ပေး အပ်နိုင်ရန်အတွက် နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ခရိုင်လယ်  ယာမြေနှင့် အခြားမြေများ ပြန်လည်စီစစ်ရေးကော်မတီနှင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတို့ လုပ်ငန်ညှိုနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟိုမီးသတ်သင်တန်းကျောင်းတည်ဆောက်ရန် မြေသိမ်းခံခဲ့ရသည့် တောင်သူ ဒေါ်ချိုက "အရင်အစိုးရတုန်းကလည်း ဒီမြေဧက ၂၉၀ ကိုနှုတ်နဲ့ စွန့်လွှတ်ဘူးတယ်။ ဒါပေမယ့် ကျွန်မတို့ လက်ထဲ မရောက်ဘူး။ အခုပြန်ပေးမယ်လို့တော့ ကြား တယ်။ ကျွန်မတို့တော့ ဘာမှမသိသေးဘူး" ဟု ပြောသည်။

ဗဟိုမီးသတ်သင်တန်း ကျောင်းတည်ဆောက်ရန်အတွက် ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရအဖွဲ့မှ လယ်ယာမြေဧက ၈၅၅ . ၈၈ကို သိမ်းယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လယ်ယာမြေထဲမှ ပိုလျှံမြေများပြန်လည်ရရှိရန်အတွက် ဒေသခံတောင်သူမူလပိုင်ရှင်များက ၂၀၁၀ ခုနှစ်မှ စ တင်၍ ထွန်တုံးတိုက်ပွဲများပြုလုပ်ခဲ့ကြသည်။

မီးသတ်သင်တန်းကျောင်းမှ အမှန်တကယ်အသုံးပြုထားခြင်းသည် ဧက ၃၀၀ ကျော်သာရှိပြီး ပိုလျှံနေသည်မှာ ဧက၅၀၀ ခန့်ရှိကြောင်း လယ်ယာမြေအသိမ်းခံရသောတောင်သူများက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly