နိုဝင်ဘာ ၄၊ လန်ဒန်။ ။ တနင်္ဂနွေနေ့တွင်ကစားမည့် လန်ဒန်မြောက်ပိုင်းဒါဘီတွင် နိုဝင်ဘာကျိန်စာကို ရပ်တန့်ပစ်ကြရန် အာဆင်နယ်ကစားသမားများကို နည်းပြ အာစင်ဝင်းဂါးက တိုက်တွန်းလိုက်သည်။
သို့သော် စပါးနှင့်ကစားရမည့်ယင်းပွဲအတွက် ကစားသမားငါးဦးမှာ ကြံ့ခိုင်မှုစစ်ဆေးခံရရန်ရှိနေရာ အာဆင်နယ်နည်းပြအတွက် လူရွေးချယ်မှု အခက်အခဲရှိနေသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းကိုနှစ် ၂၀ ကြာကိုင်တွယ်နေသည့်ကာလအတွင်း အခြားလများထက် နိုဝင်ဘာ လတွင် ရလဒ်များပိုဆိုးလေ့ရှိသည်။
ထို့ပြင် နိုဝင်ဘာလပွဲဦးထွက်တွင် ကစားရခက်သော ပိုချက်တီနို၏စပါးအသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး နိုင်ငံတကာပွဲ ကာလပြီးနောက် မန်ယူ၊ ဘုန်းမောက်တို့နှင့် ကစားရမည်ဖြစ်သည်။
“ဒီစိန်ခေါ်မှုအတွက် အဆင်သင့်ဖြစ်နေတဲ့အကြောင်း ပြသဖို့ အခွင့်အရေးရှိနေပါတယ်။ ပြီးတော့ အတိတ်တုန်းကထက် ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာကိုလည်း ပြသဖို့အသင့်ပဲ။
ကောင်းမွန်နဲ့ပုံစံနဲ့ နိုဝင်ဘာကို စတင်ဖို့ အဆင်သင့်ပါပဲ။ အတိတ်တုန်းက ပိုကောင်းအောင် ဒီအသင်းက လုပ်ပြနိုင်လိမ့်မယ်ဆို တာ သေချာပါတယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။
သို့သော် ဝင်းဂါးအနေဖြင့် ကာဇိုလာ၊ မွန်ရီရယ်၊ ကီရန်ဂစ်ဘ်၊ ဝဲလ်ကော့တ်နှင့် ဘယ်လာရင်တို့၏ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးရဦးမည်ဖြစ်သည်။
Ref; Daily Mail