မောင်တောဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မတွေ့ရဟုု ကုလသမဂ္ဂဆို

မောင်တောဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မတွေ့ရဟုု ကုလသမဂ္ဂဆို

စစ်တွေ၊ နိုဝင်ဘာ ၄ ။              ။ ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သည့် မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်းတွင် အကြမ်းဖက် သမားများ ခိုလှုံလျှက်ရှိနေသည့် နေရာများအား နယ်မြေရှင်းလင်းရာတွင် မြန်မာ့တပ်မတော်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေခြင်းမှာ မှားယွင်းနေကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညှိနိုင်းရေးမှူး မစ္စရီနားတားက ပြောသည်။

“ကျွန်မတို့ ဒီဖြစ်စဉ်နဲ့ ပါတ်သက်ပြီးတော့ ရခိုင်ပြည်နယ်ကို မနေ့က ရောက်လာပါတယ်။ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ မောင်တောကိုလဲ သွားရောက်လေ့လာခဲ့ပါတယ်။ နိုင်ငံတကာမှာ   ပြောနေကြသလို   မြန်မာစစ်တပ်က ဘင်္ဂလီ အမျိုးသမီး တွေကို လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ မုဒိန်းကျင့်တာတွေတော့ မတွေ့ခဲ့ရဘူး။ ဒေသခံတွေကို မေးမြန်ခဲ့တဲ့ အခါမှာလဲ ဒါမျိုးတွေကို ကျူးလွန်ခြင်းတွေ မရှိခဲ့ပါဘူးလို့ ပြောပါတယ် ” ဟု မစ္စရီနားတားက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးနှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံ (၈) ခုမှ သံကိုယ်စား လှယ်များ အဖွဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ်သို့  ရောက်ရှိလာခဲ့ခြင်း   ဖြစ်သည်။

ခရီးစဉ်အတွင်း စစ်ဆင်ရေးနယ်မြေအဖြစ် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် မောင်တောဒေသမြောက်ပိုင်း ကျီး ကန်းပြင်၊ ငခူရ၊ ဝါးပိတ်၊ ကြိမ်ချောင်း စသည့်ကျေးရွာများမှ ဘင်္ဂလီများနှင့်   တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ အမှန်တကယ် ရှိမရှိကို မေးမြန်းခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၃ ရက်နေ့တွင် မောင်တောဒေသ တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်သို့ သွား ရောက်ခဲ့ပြီး အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ သက်ဆိုင်သူများ၊   ဒေသခံများကို တွေ့ဆုံမေးမြန်းခဲ့ သည်။

“အခု ဖြစ်စဉ်အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဘာမှပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့အဖွဲ့ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ လဲ မဟုတ်တော့ ဒါတွေကို ပြည့်ပြည့်စုံစုံသိရဖို့တော့ ခက်ပါတယ်။ အကြမ်းဖက်မှုတွေ လုပ်တယ်မလုပ်ဘူး ဆိုတာကို တော့ ချက်ချင်းပြောရမှာ ခက်ပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း ဖြစ်စဉ်နဲ့ ပါတ်သက်ပြီးတော့ ဥပဒေအရ လုပ်နေတာ ကိုတော့ တွေ့ရတယ်။ ကျွန်တော်တို့ အစိုးရကို အကြံပေးချင်တာကတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့အတွက် အကြံပြု လိုပါတယ်။”ဟု ဗြိတိန်သံအမတ်ကြီး Andrew Patrick က ပြောသည်။

မောင်တောအရေးနှင့် ပါတ်သက်ပြီး အီးယူ၊ ယူအန်အပါအဝင် တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ တူရကီ၊ ဖိလစ်ပိုင်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်တို့မှ ပူးပေါင်းသံကိုယ်စားလှယ်အဖွဲ့သည် မောင်တောဒေသသို့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် နှင့် ပါတ်သက်ပြီး နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့ကြသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေပိုင်း တွင် ၎င်းတို့၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ စစ်တွေလေဆိပ်၌ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုက “သူတို့ ရခိုင်ကိုလာပြီးတော့ စစ်ဆေးရေးတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန် တော်တို့ ဘက်ကလဲ လိုအပ်တာတွေကို ကူညီခဲ့ပါတယ်။ ဘာတွေ ဘယ်လိုရှိနေ တာကိုတော့ မပြောခဲ့ပါဘူး။ မောင် တောဒေသက ရခိုင်ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက်ကိုလဲ ကျွန်တော်တို့ တတ်နိုင်သမျှ ပြုလုပ်ထားပါတယ် ” ဟု ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် နယ်စပ်ဒေသ မောင်တောခရိုင်မှ အမှတ် ၁ နယ်ခြားစောင့် ရဲဌာနချူပ် အပါအဝင် ရဲစခန်း ၃ ခု စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်သူများအား နိုင်ငံတော်မှ လိုက်လံရှာဖွေဖမ်းဆီးရာတွင် လူ့အခွင့်အရေး ချိူးဖောက်ခံရမှုများ ရှိနေကြောင်း နိုင်ငံတကာမှ စွပ်စွဲမှုများ ရှိနေမှုအပေါ် ကုလသမဂ္ဂနှင့် အီးယူအပါ အဝင် နိုင်ငံ (၈) ခုမှ လာရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly