တရုတ်က ၀န်ချိန်အများဆုံး တင်ဆောင်နိုင်မည့် အာကာသ ဒုံးပျံတစ်စင်းကို လွှတ်တင်

တရုတ်က ၀န်ချိန်အများဆုံး တင်ဆောင်နိုင်မည့် အာကာသ ဒုံးပျံတစ်စင်းကို လွှတ်တင်

ပေကျင်း၊ နိုဝင်ဘာ ၄ ။                    ။ ကား ၁၆ စီး၏ အလေးချိန်နှင့် ညီမျှသော ဝန်ချိန် ၂၅ တန်အထိ တင်ဆောင်နိုင်မည့် အာကာသ ဒုံးပျံယာဉ်တစ်စင်းကို တရုတ်နိုင်ငံက နိုဝင်ဘာ ၃ ရက်တွင် လွှတ်တင်လိုက်ကြောင်း နိုင်ငံပိုင် တရုတ်နိုင်ငံတကာ ရေဒီယိုသတင်းဌာနက  ဖော်ပြလိုက်သည်။

Long March 5 ဟု အမည်ပေးထားသည့် အဆိုပါဒုံးပျံကို ဟိုင်နန်ပြည်နယ်တွင် မကြာသေးမီက တည်ဆောက်လိုက်သည့် ဝမ်ချန်း ဒုံးပျံစင်မှ လွှတ်တင်ခဲ့ကြောင်း ၊ ဒုံးပျံအစိတ်အပိုင်းများသည် ကြီးမားသောကြောင့် ပစ်လွှတ်စင်ရှိရာ ကျွန်းသို့ ရထားဖြင့် သယ်ဆောင်သွားရကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ယခုစီမံကိန်းအတွက် စမ်းသပ်ပစ်လွှတ်မှုများကို ပေကျင်းမြို့အနီးရှိ လျှိူ့ဝှက်ပစ်စင်တစ်ခုတွင် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့သောကြောင့် ကြန့်ကြာမှုများရှိခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အနာဂတ်တွင် လနှင့် အင်္ဂါဂြိုဟ်များသို့ လွှတ်တင်ရန် စီစဉ်ထားသည့် အာကာသယာဉ်များအတွက် ယခုလွှတ်တင်သည့် ဒုံးပျံယာဉ်ပုံစံအား အသုံးပြုရန် ရည်ရွယ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly