အမေရိကန်ရွေးကောက်ပွဲတွင် ထရန့်ကို အနိုင်ရစေလိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

အမေရိကန်ရွေးကောက်ပွဲတွင် ထရန့်ကို အနိုင်ရစေလိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

ဖနွမ်းပင်၊ နိုဝင်ဘာ ၃ ။             ။ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်ကို အနိုင်ရစေလိုကြော်ငး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားလိုက်သည်။

"ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် ထရန့်ကို အနိုင်ရစေချင်တယ်။ သူဟာ စီးပွားရေးသမားတစ်ဦးဖြစ်လို့ စစ်ကို လိုလားမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကမ္ဘာကြီး ပြောင်းလဲသွားပြီး အခြေအနေအရပ်ရပ် ပိုကောင်းလာမှာပါ" ဟု ဟွန်ဆန်က ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ထားသူအဖြစ် စွပ်စွဲခံထားရပြီး နိုင်ငံအား ၃၁ နှစ် ကြား အုပ်ချုပ်ထားသည့် ဟွန်ဆန်က အမေရိကန်နှင့် ရုရှားတို့အကြား ထိခိုက်နေသည့် ဆက်ဆံရေးသည် ထရန့်သမ္မတဖြစ်လာပါက ကောင်းမွန်သွားနိုင်ကြောင်း ပြောကြားသည်။

ရုရှားသမ္မတ ပူတင်ကလည်း ထရန့်သည် အလွန်တော်သူတစ်ဦးဖြစ်ကြောင်း ပြောကြားထားသည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်နှင့် ချက်သမ္မတမီလော့စ်ဇီမန်ကဲ့သို့ ဥရောပတိုက်မှ လက်ယာယိမ်းနိုင်ငံရေးသမားများကလည်း ထရန့်ကို ထောက်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly