မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲ (အပိုင်း ၂)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲ (အပိုင်း ၂)

ဒေါ်သင်းသင်းအောင် (ဒါရိုက်တာ)

Mizzima Media Group

ကျွန်မတို့က ဦးစားပေးအနေနဲ့ တကယ်လိုအပ်တဲ့ နေရာတွေ ဘယ်နေရာမှာ ကိုယ်ကသုံးမလဲ။ ဘတ်ဂျက်ချမလဲဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ ကောက်ခံရရှိတဲ့ ဒေတာData တွေ အချက်အလက်တွေက အရမ်းကို အရေးကြီးနေတယ်ပေါ့နော်။ ခုနက ထောက်ပြသွားတယ်။ သန်ခေါင်စာရင်းနဲ့ ပတ်သက်ပြီးတော့ ကောက်လိုက်တဲ့အခါကျတော့ စာရင်းက ထွက်လာတယ်။ ထွက်လာတဲ့ဟာက Data ဒေတာဖြစ်သွားပြီပဲ။ အဲဒီDataဆိုရင် ဘယ်နေရာမှာလိုအပ်သလဲ။ ကလေးတွေ ဘယ်နေရာမှာ သေဆုံးမှု အများဆုံးဖြစ်နေလဲဆိုတာ တန်းပြီးတော့ ထွက်လာတယ်။ ဒါက Dataတွေကနေ ပြနေပြီ။ ပြတယ်ဆိုတော့ အဲဒီနေရာမှာတော့ တကယ်ပဲ ငွေကို မြှုပ်နှံရတော့မယ်။ တကယ်ရော တိုးတက်အောင် လုပ်ရတော့မယ်ဆိုတာ ပေါ်လာတယ်ပေါ့နော်။ ဒီမှာက Data အချက်အလက်တွေ အမှန်တကယ် အရေးကြီးတယ်ဆိုတဲ့ဟာကို တွေ့ရတဲ့အခါကျတော့ ဒီလိုမျိုး ကျွန်မတို့တိုင်းပြည်မှာကလည်း Data အချက်အလက်တွေက အရမ်း အားနည်းခဲ့တယ်ပေါ့နော်။ အဲလိုမျိုး အချက်အလက်တွေကို တကယ့်ကို တိတိကျကျ မှန်မှန်ကန်ကန်ဖြစ်အောင် ထပ်ပြီးတော့ အများကြီး လုပ်ဖို့လိုတယ်ဆိုတာ ကျွန်မ တွေ့ပါတယ်။ ဆိုတော့ ခုနက ဆရာတို့ ဆွေးနွေးသလိုပဲ collection ပေါ့နော် အဲဒါလေးကို တစ်ချက်လောက် ဆွေးနွေးဖို့အတွက် ဆရာကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟုတ်တယ် ကျွန်မတို့တိုင်းပြည်မှာက ပြဿနာက အကြီးကြီးဖြစ်နေတယ်။ အခု ဒါ အစိုးရသစ်တက်လာပြီး ၇က် ၁၀၀ အတွင်းမှာလည်း ဒီ collection တွေက တော်တော်လေး ပြောတယ်ဆိုတော့ ဘာတွေများ စပြီးတော့ လုပ်နေတာ ဆရာမြင်လဲ။ ပြီးတော့ ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းရင်တော့ အဆင်ပြေမလဲဆိုတာကို အကြံပေးပါဦးဆရာ။

ဦးဇင်အောင်

စီးပွားရေးပညာရှင်

ဒီ ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲခြင်းနဲ့ဆိုင်တဲ့ ခေါင်းစဉ်ကို ဆွေးနွေးနေတယ်ဆိုတော့ ဒီ ရသုံးနဲ့ပတ်သက်ပြီးတော့ ရှိနေတဲ့ collection ကိုပဲ ကျွန်တော် ဆွေးနွေးပါတယ်။ ကျွန်တေ်ာတို့နိုင်ငံမှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုတာလည်း ဖွဲ့ပြီးသားပါ။ ဒီကော်မရှင်က ဖွဲ့ထားပေမယ့်လည်း လိုက်ပြီးတော့ အရေးယူမှုတွေကို ဒီအတိုင်း အထောက်အထားမရှိပဲနဲ့ အရေးယူလို့ မရဘူး။

ကျွန်တော်တို့နိုင်ငံမှာ တိုင်တဲ့သူရှိမှလည်း တိုင်တဲ့သူက အထောက်အထားအပြည့်အစုံနဲ့ တိုင်မှ ဒီ အဂတိလိုက်စားမှု ကော်မရှင်ကလည်း စစ်ဆေးမှာပါ။ စစ်ဆေးတော့ တကယ်အပြစ်ရှိမှလည်း အရေးယူမှာ။ ကျွန်တော်တို့နိုင်ငံမှာ တိုင်တဲ့သူ တော်တော်များများက ဘယ်သူမှ မတိုင်ချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ဗမာတွေရဲ့ ဓလေ့ထုံးစံက အားလည်း အားနာတတ်တယ်။ နောက်တစ်ခါ တိုင်လိုက်တယ်ဆိုရင် ဒီဖြစ်စဉ်ကြီးမှာ ကိုယ်က လိုက်ပြီးတော့ ဘယ်လိုခေါ်ရမလဲ အစစ်ဆေးခံရဦးမှာကို။ ဒီ အစစ်ဆေးခံရမှာကိုလည်း ကြောက်တယ်။ အဲတော့ တနည်းအားဖြင့်ပြောရင်တော့ ဒီ အဂတိလိုက်စားမှု ကော်မရှင်မှာ အရေးယူဖို့ကို တိုင်ပါဆိုရင် ဘယ်သူမှ မတိုင်ချင်ကြဘူး။ ဥပမာ ကျွန်တော်လာဘ်စားနေတယ်။ ဘယ်သူတိုင်လဲ။ တိုင်တဲ့သူက တိုင်ရင် ကျွန်တော်လည်း သွားပြီးတော့ အစစ်ခံရမယ်။ အဲဒီ တိုင်တဲ့သူကလည်း အစစ်ခံရမှာပဲ။ ဘယ်သူမှ အလုပ်ရှုပ်မခံချင်ကြဘူး။ အဲတော့ ဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျွန်တော်တို့ကို အရေးယူနိုင်အောင်လို့ နည်းလမ်းတွေကိုလည်း ဖွင့်ပေးသင့်တယ်။

 နောက်တစ်ခါ ကျွန်တော် ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲခြင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဆွေးနွေးချင်တယ်။ ကျွန်တော်တို့ ဒီ ဘတ်ဂျက်ကို ဆွဲတဲ့အခါမှာ ပြည်သူကို ဗဟိုပြုတဲ့ ဘတ်ဂျက်ဖြစ်ဖို့ လိုတယ်။ Bottom up ဆွဲရမယ်။ ကျွန်တော် ရှေ့ပိုင်းကပြောသလိုပဲ ရငွေကို ရအောင်ကောက် လုံလုံလောက်လောက် ရအောင်ကောက်၊ ဒါပေမယ့် မန္တလေးတိုင်းမှာ အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ဗဟိုအဆင့်က ရေးဆွဲတဲ့ဌာနက ၁၂၄ ဌာန၊ တိုင်းအဆင့်က ရေးဆွဲထားတာက ၂၄ ဌာန၊ Ratio အရ ကြည့်လို့ရှိရင် ဗဟိုက ငါးဌာနဆွဲရင် တိုင်းအဆင့်က တစ်ဌာနပဲ ဆွဲရတယ်။ အဲတော့ ဒီစာရင်းက ဆိုလိုချင်တာက ရငွေအပိုင်းမှာဆိုရင် မန္တလေးတိုင်းမှာ ရသင့်တဲ့ငွေကလည်း အကုန်လုံး မရနိုင်ဘူး။ အဲတော့ ဒီဗဟိုအဆင့်က ရေးဆွဲနေတဲ့ ဌာနတွေကိုလည်း ကိုယ်က တိုင်းအဆင့်နဲ့ ရအောင်လုပ်ရမယ်။ ဆွဲပြီးတော့ ပြည်သူတွေကိုချပြ၊ ချပြပြီးတော့ ရလာတဲ့ ရငွေတွေကို ကျွန်တော်တို့ ရတဲ့ဘောင်ထဲကနေပြီးတော့ ဆွဲရင် ကျွန်တော်တို့ ဘတ်ဂျက်ဆွဲတဲ့အခါမှာ ဘတ်ဂျက်က ၃ မျိုးရှိတယ်။ လိုငွေပြ ဘတ်ဂျက်၊ ပိုငွေပြဘတ်ဂျက်၊ ဘက်ညီဘတ်ဂျက်ဆိုပြီး ရှိပါတယ်။ အဲလိုဆွဲလိုက်လို့ ရလာလို့ရှိရင် ရငွေပိုင်းက တကယ်လို့ များလာရင် ကျွန်တော်တို့မှာ လိုငွေပြ ဘတ်ဂျက်ဆိုတာ မရှိတော့ဘူး။ အဲတော့ ပိုငွေဘတ်ဂျက် မပေါ်ရင်တောင် ဘာပေါ်လာမလဲဆိုတော့ valance ဘတ်ဂျက် ပေါ်လာမယ်။ လိုငွေဘတ်ဂျက် ပေါ်လာရင်တောင် ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ နိုင်ငံတော်ကို ဗဟိုပြု ကျွန်တော်တို့ ထည့်ဝင်ငွေတွေအနေနဲ့ ပေးဆောင်ဖို့တွေ အများကြီးရှိပါတယ်။

အဲတော့ နိုင်ငံတော်ကလည်း ဒီထည့်ဝင်ငွေတွေကို သူက ဘယ်နေရာတွေမှာ သုံးမလဲဆိုတော့ နိုင်ငံတော်မှာ ဆင်းရဲတဲ့ ချင်းပြည်နယ်လိုဟာမျိုး ကယားပြည်နယ်လိုဟာမျိုး အသုံးစရိတ်လိုတဲ့နေရာတွေမှာ ဘာလုပ်မလဲဆိုတော့ ကျခံပြီးတော့ သုံးစွဲမယ်။ အဲတော့ ဒီရငွေတွေကို ရဖို့အတွက် ပြန်ကောက်ရင် အဂတိလိုက်စားမှု ကင်းမှ ကိုယ်ကျင့်တရားကောင်းမှ ဒီ ရငွေတွေကလည်း မှန်မှန်ကန်ကန်ရမယ်။ ကျွန်တော် အသေးစိတ်တော့ မပြောလိုတော့ပါဘူး။ ကိုယ်ကျင့်တရားမကောင်းဘူး၊ အဂတိလိုက်စားမှု ရှိမယ်ဆိုရင် နိုင်ငံတော်ကို ရသင့်တာထက် ရသင့်တဲ့ ပမာဏဟာ မရတော့ဘူး အခွန်တွေက။ နိုင်ငံတော်အတွက်ကို မရဘဲနဲ့ ဒီရငွေတွေက ဘာဖြစ်မလဲဆိုတော့ ယိုဖိတ်မှုတွေ ရှိနေမယ်။ အဲတော့ ဒီလိုယိုဖိတ်မှုတွေ မရှိအောင်လို့ ခုနကပြောသလိုပဲ အဆင့်ဆင့်သော ကျွန်တော်တို့ အခွန်ကောက်ခံမှု လုပ်ငန်းတွေကို ဆောင်ရွက်သင့်တယ်လို့ တိုင်းလည်း တိုင်းအဆင့်၊ ဗဟိုလည်း ဗဟိုအဆင့် မြို့နယ်လည်း မြို့နယ်အဆင့် နောက်ဆုံးတော့ ရပ်ကျေးအဆင့်ထိ ဥပမာပြောရရင်တော့ဗျာ ကျွန်တော်တို့ ရပ်ကွက်တွေမှာ အိမ်တွေရောင်းတယ်၊ မြေတွေရောင်းတယ်၊ အဲဒါတွေက သူ့ ဝင်ငွေပဲ။ ဒါပေမယ့် လူတွေက ဘာမလုပ်ကြဘူးလဲဆိုတော့ အခွန်မဆောင်ကြဘူူး။ ဥပမာ ကျွန်တော် ဦးဘဆီက အိမ်ဝယ်လိုက်တယ် ဥိးဘဆီက ဝယ်တဲ့အိမ်ကို ကျွန်တော် ဦးဘနာမည်နဲ့ပဲ နေတယ် ဘာဖြစ်လဲ ဘာမှမဖြစ်ဘူး ဟုတ်လား ဘယ်ဘက် ၇ အိမ် ညာဘက် ၇ အိမ် အရှေ့ ၇ အိမ် အနောက် ၇ အိမ်က ကျွန်တော်ဝယ်တယ်ဆိုတာ သိရင်ပြီးပြီ။ ဒီအိမ်ကို ဘယ်သူပိုင်လဲ ဦးဇင်အောင်ပိုင်တယ်ဆိုရင် ရနေပြီ။ အဲတော့ ဒီစနစ်တွေကို ကျွန်တော်တု့ိတွေ ဘာလုပ်ရမလဲဆိုတော့ ကျွန်တော်တို့တွေ ကြီးကြပ်ဖို့ လိုနေပြီ။

အဲတော့ ဒီ ရသုံးမှန်းခြေငွေစာရင်းဆိုတာ ဒီရငွေဘက်မှာ ကျွန်တော်တို့ ခုနကပြောသလို အဂတိလိုက်စားမှု ကင်းစင်ဖို့လိုသလို သုံးငွေဘက်မှာလည်း ကျွန်တော်တို့ အဂတိလိုက်စားမှု ကင်းစင်းဖို့ လိုပါတယ်။ သုံးငွေဘက်မှာလည်း တချို့ ကျွန်တော် တိုက်ရိုက်ကြီးတော့ မဆိုတော့ပါဘူး။ သုံးငွေဘက်မှာ အဂတိလိုက်စားမှုတွေရှိတယ်၊ ကိုယ်ကျင့်တရားတွေ မကောင်းပဲနဲ့ ဒီသုံးငွေတွေကို သုံးမယ်ဆိုရင် ပေးထားတဲ့ဘက်ဂျက်က ကုန်သွားရင် သူ့ကိုယ်ကျိုးအတွက် သုံးထားတဲ့အတွက် ပီပြင်မှာလည်း မဟုတ်ဘူး။ အဲတော့ မပီပြင်တဲ့အတွက် နောက်နှစ်အတွက်ကို ဘာလုပ်ရမလဲ ထပ်ပြီးတော့ ဆောင်ရမယ်။ အဲတော့ လုပ်ငန်းကလည်း အချိန်မှီလည်း မပီးတော့ဘူး။ အဲတော့ ပြီးပြန်တော့လည်း လိုအပ်တဲ့ အရည်အသွေး ပြည့်မှီမှာ မဟုတ်တော့ဘူး။ ဒါကြောင့်မို့ အဂတိလိုက်စားမှုက ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ တိုက်ဖျက်ဖို့ လိုအပ်နေပြီဆိုတာကို ကျွန်တော် ဆွေးနွေးလိုပါတယ်။

ဒေါ်သင်းသင်းအောင် (ဒါရိုက်တာ)

Mizzima Media Group

အဓိက က သိတယ် သိတယ် အဲဒါတွေ ဖြစ်နေတယ်ဆိုတာကို သိတယ်။ ဘယ်လိုဖြေရှင်းမလဲဆိုတာက ပြဿနာတက်နေတယ်။ အခုပြောတာ ဟုတ်တယ်။ အိမ်ရောင်းတယ်၊ ခြံရောင်းတယ်၊ မြေရောင်းတယ်၊ အခွန်ဆောင်ဖို့အတွက် တချို့တွေဆိုရင် ဆောင်တော့ဆောင်ပါတယ်။ ဒါပေမယ့်လည်း ဘာဖြစ်လဲဆိုတော့ ရာဖြတ်တွေ၊ ထောင်ဖြတ်တွေ၊ အခွန်မှူးတွေ အခွန်ရုံးတွေက တစ်ခါတည်း တိကနဲပဲ တစ်ခါတည်းကို ဈေးညှိပြီးတော့မှ ဈေးကို နည်းနည်းလေးပဲ ပြလိုက်တယ်။ အဲမှာ အခွန်က နည်းနည်းလေးပဲဆောင်ရတယ်။ အဲဒီမှာ ဘယ်သူတွေက ဆုံးရှုံးသွားလဲ။ နိုင်ငံတော်ရဲ့ အခွန်ရရှိမှု ဆုံးရှုံးတာပဲ။ ဆိုတော့ ဆုံးရှုံးတဲ့အခါကျတော့ ကျွန်မတို့က ဝင်ငွေကမရှိဘူး။ ခုနကပြောတဲ့ လိုငွေပြ ဘတ်ဂျက်နဲ့ပဲ အသုံးစရိတ်က မရှိတော့ဘူး။ ဆိုတော့ အဲဒီသံသရာက လည်နေတယ်။ ခုနကလည်း ကျွန်တော်တို့ရဲ့ အမြစ်တွယ်နေတဲ့ နာတာရှည်ရောဂါဖြစ်နေတဲ့ အဲဒါကို ကျွန်မတို့ ဘယ်လိုသွားမလဲ။ ခုနက တိုင်တဲ့သူကလည်း အားနာလို့ မတိုင်ဘူးဆိုတော့ ကျွန်မတို့ ဘယ်လိုမျိုး ဖြတ်ရမလဲဆိုတော့ break the silence လို့ ပြောရမှာပေါ့လေ ဒီလူတွေက ထွက်ပါတော့ အားမနာပါနဲ့တော့ ထုတ်ပြီး တိုင်ပါတော့ပေါ့။ ပြည်သူတွေလည်း တာဝန်ရှိလာပြီလေ ဟုတ်တယ် ပြောနေတယ် ကိုယ်ကိုယ်တိုင်ကလည်း တိုင်လေ မတိုင်ရင် အရေးယူလို့မရဘူးဆိုတော့ အားလုံးကို တိုင်ကြပါလို့ ကျွန်မတို့က တိုက်တွန်းရတော့မှာပေါ့။ အဲတော့ ကိုယ်ကိုယ်တိုင်လည်း ဘာမှ စိတ်မညစ်ပါနဲ့ ဒါက တာဝန်သိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ လုပ်ပါ ကိုယ်လည်း အချိန်ပေးပါ။ အဲဒါက တစ်ခုပေါ့။

ခုနကတုန်းက သုံးတဲ့ငွေမှာလည်း ကျွန်မတို့ စောင့်ကြည့်ပြီးတော့ monitoring ပေါ့။ ခုနကပြောသလိုပဲ အဆင့်ဆင့်ကနေပြီးတော့မှ အဖွဲ့အစည်းတွေ Group တွေလုပ်၊ ဘတ်ဂျက်ကို လုပ်ပြီးတော့မှ ဘယ်လိုမျိုး သုံးနေတယ်ဆိုတာကို စစစ်တဲ့ CSO တွေရဲ့ ပူးပေါင်းမှုနဲ့ အစိုးရရော ဌာနဆိုင်ရာတွေပါ ပေါင်းလုပ်ဖို့ လိုမယ်လို့ ကျွန်မ ထင်ပါတယ်။ အဲဒါမှပဲ ဖြစ်မှာပေါ့။

နောက်တစ်ခု အခွန်ကောက်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဆရာ နည်းလမ်းလေးကို ဒီထက်ပိုပြီးတောမှ လွယ်ကူအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ ခုနက ပြောသွားတာကတော့ အရမ်းကို ခက်ခဲနေတယ်ပေါ့။

ဦးအောင်ဆွေ (ညွှန်ကြားရေးမှူး)

ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့။

အခွန်ကောက်တာနဲ့ ပတ်သက်တာကတော့လေ အဓိကကတော့ ဒါ ပြည်တွင်းအခွန်ကနေ ဦးစီးပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခွန်ကောက်တွေနဲ့ ပတ်သက်လို့လည်း ဒါ ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ အနေအထားရတော့ သိပ်ပြီးတော့ အဆင်မပြေသေးဘူးပေါ့လေ။ အဓိကကတော့ အခွန်ကောက်ဖို့ လွတ်နေတဲ့သူတွေ အများကြီးရှိတယ်ပေါ့နော်။ တကယ် ကောက်သင့်တဲ့သူတွေက လွတ်နေတာ ရှိတယ်။ အဲဒါတွေကို တကယ် စေ့စေ့စပ်စပ်နဲ့ ဝင်ငွေရှိတဲ့ ဌာနတွေအနေနဲ့ ဝန်ထမ်းတွေအနေနဲ့ နောက်တစ်ခါ ပြည်သူတွေအနေနဲ့ အားလုံး ပူးပေါင်းပြီးတော့မှ ဒီကိစ္စလေးကို မလစ်ဟင်းအောင် ပြည်သူကလည်း ဘယ်သူကတော့ ဘယ်လိုချမ်းသာတယ်၊ ဘယ်သူကတော့ ဘယ်လိုဖြစ်နေတယ်၊ ဒါလေးတွေကိုလည်း ပြည်သူက သတင်းပေးဖို့ လိုတာပေါ့။ နောက်တစ်ခါ တာဝန်ရှိတဲ့သူတွေကလည်း သတင်းပေးတဲ့အပေါ်မှာ မူတည်ပြီး နောက်ပြီးတော့ သူတို့ကိုယ်တိုင်လည်း ဆန်းစစ်လေ့လာ ပေါင်းစပ်ပြီးတော့မှ ရသင့်ရထိုက်တဲ့အခွန်တွေကို မလစ်ဟင်းအောင် အားလုံး သေသေချာချာနဲ့ ကောက်ခံသွားမယ်ဆိုရင်တော့ ကျွန်ောတ်တို့နိုင်ငံက အခွန် အများကြီး တိုးတက်လာမှာဖြစ်ပါတယ်။ အခုကတော့ အခွန်က လွတ်နေတာတွေက အများကြီး ရှိနေပါသေးတယ်။ ဘယ်လိုပဲ ကြိုးစားနေပေမယ့်လည်း ဒီကိစ္စက အားလုံး ကျွန်တော်တို့ အကြောင်းအမျိုးမျိုးကြောင့် လွတ်နေတာတွေ ရှိနေပါသေးတယ်။ ဒါတွေအကုန်လုံးကို ဆင်းရဲသားတွေဆီမှာပဲ စုပြီးတော့ မကောက်မိအောင် နောက်ပြီးတော့ တကယ်ချမ်းသာပြီးတော့ ကောက်ရမယ့်နေရာတွေမှာ ရရှိအောင် ခုနက ကျွန်တော်ပြောသလို နည်းလမ်းတွေကို ပြည်သူရော တာဝန်ရှိတဲ့သူရော အားလုံးက ပူးပေါင်းပြီးတော့ ဒီကိစ္စကို ကောက်ခံသွားမယ်ဆိုရင် အခွန်က အများကြီး ရရှိလာမယ်လို့ ကျွန်တော် သုံးသပ်ပေးပါတယ်။

ဒေါ်သင်းသင်းအောင် (ဒါရိုက်တာ)

Mizzima Media Group

ကျေးဇူးပဲဆရာ။ အဲဒါ Fair ဖြစ်အောင် တကယ်တမ်းက ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ သာမာန်လခစားတွေ ဆီကနေပြီးတော့ ရာခိုင်နှုန်းတွေနဲ့ လစာ တလကို ကျပ် ၄ သိန်းအထက်နှင့် ဝင်တယ်ဆိုလို့ရှိရင် ဒါ Tax က ပေးတဲ့ဟာမျိုးထက် တကယ်တမ်း အထုပ်ကြီးအထည်ကြီးနဲ့ အိမ်တွေအများကြီး၊ လယ်ယာတွေအများကြီး၊ ဆိုတဲ့သူတွေဆီက ပိုပြီးတော့ကောက်ရမယ်ဆိုတဲ့ဟာမျိုး စနစ်ပေါ့ တကယ့် Progressive ပေါ့နော်။ အဲလိုပုံစံမျိုး ဖြစ်ဖို့ လိုသလိုမျိုးပဲ ဆရာ ခုကန အကြံပေးသွားတဲ့ One Stop Service လိုမျိုးလား ပိုလွယ်ကူအောင်ပေါ့ လူတစ်ယောက်က သွားလိုက်မယ်၊ တစ်နေရာတည်းမှာ အကုန်ပီး၊ မျိုးစုံမျိုးစုံပေါ့။ ဆိုတော့ အဲဒါမျိုးနဲ့ လုပ်ပေးနိုင်ရင်လည်း ကောင်းတယ်ပေါ့နော်။ အဲဒါက ပိုပြီးတော့ လွယ်မယ်ထင်ပါတယ်။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/19817

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly