နိုဝင်ဘာလ မွေးဖွားသူများ အကြောင်း သိကောင်းစရာ

နိုဝင်ဘာလ မွေးဖွားသူများ အကြောင်း သိကောင်းစရာ

ဒီနေ့မှာတော့ နိုဝင်ဘာလဖွားလေးတွေအကြောင်း သိကောင်းစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တိုက်ဆိုင်မှုရှိမရှိ ပြောပေးခဲ့ဦးနော်။ သူငယ်ချင်းတွေထဲမှာ နိုဝင်ဘာဖွားလေးတွေရှိရင်လည်း
လက်တို့ ပေးလိုက်ဦးနော် 

လျို့ဝှက်တတ်တယ်

 နိုဝင်ဘာလဖွားတွေဟာ တခြားသူတွေကို စိတ်အနှောင့်အယှက် မပေးလိုကြဘူး။ တခြားသူတွေကို မပြောပြဘဲနဲ့ သူတို့ဘာသာ လုပ်နိုင်တယ်လို့ ထင်လေ့ရှိကြတယ်။ ဒါကြောင့် တခြားသူတွေကို သူတို့ကို  လျို့ဝှက်တတ်တယ်လို့ ထင်ကြတာဖြစ်တယ်။

နူးညံ့သိမ်မွေ့ကြတယ်
ချစ်သူတော်ဖို့ ဒါမှမဟုတ် သူငယ်ချင်းကောင်းတော်ဖို့ အတွက် နိုဝင်ဘာလဖွားလေးတွေက အသင့်တော်ဆုံးပါပဲ။ ဘာလို့ လဲဆိုတော့ သူတို့ က သင့်ကို ဘယ်တော့မှ  နောက်ကျောဓားနဲ့ ထိုးမှာ မဟုတ်လို့ ပါပဲ။

နားလည်မှုလွဲခံရတတ်တယ်
သိုသိုဝှက်ဝှက်နေတတ်တဲ့ စရိုက်ကြောင့် လူအများရဲ့ အထင်လွဲခြင်းကို ခံရလေ့ရှိတယ်။

သူငယ်ချင်းတွေအပေါ်မှာ သစ္စာရှိတယ်
နိုဝင်ဘာဖွားလေးတွေဟာ မိတ်ဆွေအပေါင်းအသင်းဖွဲ့ရတာကို ခုံမင်တတ်ကြပါတယ်။ သူငယ်ချင်းအပေါ်မှာလည်း သစ္စာရှိကြတာမို့ မိတ်ဆွေကောင်း ဖြစ်ထိုက်သူများဖြစ်ကြပါတယ်။

ဆွဲဆောင်မှုရှိပြီး သြဇာတိက္ကမနဲ့ ပြည့်စုံကြတယ်
ဒါ့ကြောင့် နိုဝင်ဘာဖွားလေးတွေဟာ အမြဲ မနာလိုဖြစ်ခံရလေ့ရှိတယ်။ လူအများကြားထဲမှာ ရောက်နေရင်တောင်မှ ထင်းနေလေ့ရှိကြပါတယ်။

ကာမဆက်ဆံရတာ သဘောကျကြတယ်
ကာမဆက်ဆံရတာကို စိတ်ကျေနပ်မှုနဲ့ အပန်းပြေစေတဲ့အရာအဖြစ် ယူဆလေ့ရှိကြပါတယ်။

အလုပ်ကြိုးစားကြတယ်
အလုပ်ကို သာမန်လျှံကာ လုပ်ရုံလောက်နဲ့မကျေနပ်တတ်ကြဘူး။ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြတာ သူတို့လေးတွေရဲ့အကျင့်ပါ။

လျို့ဝှက်ဆန်းကြယ်ကြတယ်
သူ့အကြောင်းကို အကုန်သိနေပြီထင်နေရင် မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်တောင် သူတို့ အကြောင်း သေချာမသိကြလို့ပါ။

အကူအညီတောင်းခဲကြတယ်
တစ်ဖက်လူဆီက အကူအညီတောင်းရမှာကို အရမ်းရှက်တတ်ကြတယ်။

အာရုံစူးစိုက်ခံရတတ်တယ်
ဘယ်လောက်ပဲ လူများများ နိုဝင်ဘာလဖွားတွေဟာ အမြဲထင်းနေလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ရဲ့ ပင်ကိုယ် သြဇာတိက္ကမက  လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်လို့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly