ဘုန်းမောက်ကို ဆန်းဒါးလန်းအနိုင်မရလျှင် နည်းပြရာထူးမှ မိုယက်စ်ထုတ်ခံရဖွယ်ရှိ

ဘုန်းမောက်ကို ဆန်းဒါးလန်းအနိုင်မရလျှင် နည်းပြရာထူးမှ မိုယက်စ်ထုတ်ခံရဖွယ်ရှိ

နိုဝင်ဘာ ၂၊ ဆန်းဒါးလန်း။           ။ စနေနေ့တွင်ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင် ဘုန်းမောက်အသင်းကိုအနိုင်ရခြင်းမရှိပါက ဆန်းဒါးလန်းနည်းပြရာထူးမှ ဒေးဗစ် မိုယက်စ်ထုတ်ခံရဖွယ်ရှိနေသည်ဟု မယ်ရာသတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း မိုယက်စ်မှာ ပွဲကြီးကြပ်ခွင့်တစ်ပွဲပိတ်ခံထားရသဖြင့် အနာဂါတ်အတွက်အဆုံးအဖြတ်ခံယူရမည့်ပွဲကို ကြီးကြပ်ခွင့် ရမည်မဟုတ်သည့်အပြင် အားပေးထောက်ခံမှုများကိုလည်း ခံစားရဖွယ်မရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဆန်းဒါးလန်းအသင်းပိုင်ရှင် အဲလစ်ရှော့သည် မိုယက်စ်အပေါ် သည်းခံနိုင်မှုအတိုင်းအတာကုန်ဆုံးနေပြီး ဆန်းဒါးလန်းအသင်းမှာ ၁၀ ပွဲကစား နှစ်မှတ်သာရထားသည်။ ၂၀၁၂-၁၃ မှစတင်ကာ တန်းမဆင်းရရေး ရာသီတိုင်းရုန်းကန်ခဲ့ရသော ဆန်းဒါးလန်း အသင်း၏ လက်ရှိရမှတ်မှာ ၁၉၉၅ ခုနှစ်က တန်းဆင်းခဲ့ရသော မန်စီးတီးအသင်းနှင့် အတူတူပင်ဖြစ်သည်။

အသင်းအနေဖြင့် ရှေ့ဆက်မည့်အစီစဉ်များကိုရေးဆွဲထားပြီး လာမည့်နိုင်ငံတကာပွဲရက်သတ္တပတ်ကြောင့် လိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်ပတ်ခန့်ရချိန်အတွင်း နည်းပြအဖွဲ့အသစ်ဖြင့် အပြောင်းအလဲပြုလုပ်သွားဖွယ်ရှိနေသည်။

မိုယက်စ်သည် အင်္ဂလန်အသင်းကိုနည်းပြရန်ထွက်ခွာသွားသည့် ဆမ်အလာဒိုက်စ်နေရာတွင် ဇူလိုင်နှောင်းပိုင်းက အစားဝင်ခဲ့ ခြင်းဖြစ်ပြီး အားပေးထောက်ခံမှုရသင့်သလောက်မရဟု ယူဆရသည်။

အဲဗာတန်၊ မန်ယူနှင့် ဆိုစီဒက်နည်းပြဟောင်းမှာ နွေရာသီအတွင်း ကစားသမား ထိုက်သင့်သလောက်ခေါ်ယူခွင့်မရခြင်းက အသင်းကိုအားနည်းစေခဲ့သဖြင့် စိတ်ပျက်လျှက်ရှိသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags