ဗီယက်နမ် ကာရာအိုကေဘားတစ်ခု မီးလောင်မှုတွင် ၁၃ ဦး သေဆုံး

ဗီယက်နမ် ကာရာအိုကေဘားတစ်ခု မီးလောင်မှုတွင် ၁၃ ဦး သေဆုံး

ဟနွိုင်း၊ နိုဝင်ဘာ ၂ ။               ။ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ ကာရာအိုကေဘားတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၁၃ ဦး သေဆုံးပြီး ရဲအရာရှိနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက်ညနေပိုင်းက လူစည်ကားရာကော်ဂျေးရပ်ကွက်တွင် မီးစတင်လောင်ကျွမ်းပြီး အနီးရှိနေအိမ်များသို့ မီးကူးစက်သွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းအကြောင်းကို စုံစမ်းပြီး အပြစ်ရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူရန် ညွှန်ကြားထားကြောင်း အစိုးရဝက်ဘ်ဆိုက်တွင်  ဖော်ပြထားသည်။

ကာရာအိုကေဘားများနှင့် စားသောက်ဆိုင်များတွင် မီးအန္တရာယ်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားခြင်းရှိ၊မရှိ စစ်ဆေးရန်လည်း နယ်မြေအာဏာပိုင်များကို ညွှန်ကြားထားသည်။

ဗီယက်နမ်တွင် မီးဘေးကာကွယ်ရေးနှင့် မီးငြှိမ်းရေးဆိုင်ရာ ပြင်ဆင်ထားမှုများ အားနည်းသဖြင့် နေအိမ်များ၊ ဘားများနှင့် စားသောက်ဆိုင်များတွင် မကြာခဏ မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ရာ ပြီးခဲ့သည် စက်တင်ဘာလအတွင်းကလည်း ဟနွိုင်းမြို့ရှိ ခုနစ်ထပ်အဆောက်အအုံကာရာအိုကေ ဘားတစ်ခုတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly