ဘရာဇီးတွင် လိုဏ်ဂူပြိုကျ၍ အနည်းဆုံး လူဆယ်ဦး သေဆုံး

ဘရာဇီးတွင် လိုဏ်ဂူပြိုကျ၍ အနည်းဆုံး လူဆယ်ဦး သေဆုံး

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂ ။                ။ ဘရာဇီးနိုင်ငံတွင် ရိုးရာဘာသာရေးဓလေ့ပွဲတစ်ရပ် ကျင်းပနေရာ ဂူလိုဏ်တစ်ခု ပြိုကျမှုဖြစ်၍ လူအနည်းဆုံး ၁၀ ဦးသေဆုံးကြောင်း ရဲက ပြောသည်။

နိုင်ငံအလယ်ပိုင်း တိုကန်တင်ပြည်နယ် ဆန်တာမာရီယာမြို့အနီးရှိ ကာဆာဒါပီဒရိုလိုဏ်ခေါင်းတွင် ဂူအမိုးပြိုကျခြင်းဖြစ်သည်။

လိုဏ်ဂူပြိုကျမှုဖြစ်ချိန်က ရိုးရာဘာသာရေးဓလေ့ပွဲတွင် ပါဝင်တက်ရောက်နေသူပေါင်း ၅၀ နီးပါး ရှိနေသည်။ ဒဏ်ရာရသူက အနည်းဆုံး လေးဦးရှိကြောင်း သိရသည်။

သူတော်စင်များနေ့အထိမ်းအမှတ်ဖြင့် ဖယောင်းတိုင်များ ထွန်းညှိကာ ဆုတောင်းပွဲကျင်းပစဉ် ယခုကဲ့သို့ လိုဏ်ဂူအမိုးပြိုကျခြင်းဖြစ်သည်။

လိုဏ်ဂူအမိုး တစ်စိတ်တစ်ပိုင်းပြိုကျမှုကြောင့် ဝတ်ပြုဆုတောင်းသူများ ပိမိကျသကဲ့သို့ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

လိုဏ်ခေါင်းအမိုးပိမိသူများနှင့် ဒဏ်ရာရသူများကို ဆွဲထုတ်ဖယ်ရှားပြီဖြစ်ကြောင်း မီးသတ်ဌာနတာဝန်ရှိသူက အေအက်ဖ်ပီသတင်းသို့ ပြောသည်။ ဆန်တာမာရီယာလိုဏ်ခေါင်းသည် ရီယိုဒီဂျနေးရိုးမြို့မှ အနောက်မြောက်ဖက် မိုင် ၁၂၀၀ အကွာတွင် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags