အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတွင် ပါဝင်ရင်း ဆုငွေ သိန်း ၅၀ ရယူနိုင်ပြီ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတွင် ပါဝင်ရင်း ဆုငွေ သိန်း ၅၀ ရယူနိုင်ပြီ

ရန်ကုန် ။            ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှုားမှု၏ ကဏ္ဍတစ်ရပ်ဖြစ်သော "ထာဝရဖဲကြိုးဖြူ" သီချင်းဆိုပြိုင်ပွဲ ဝင်ကာ ပထမဆုရရှိပါက ဆုကြေးငွေ သိန်း ၅၀ ရရှိနိုင်မည်ဖြစ်သည်။

"ထာဝရဖဲကြိုးဖြူ" သီချင်းဆိုပြိုင်ပွဲ လှုပ်ရှားမှုအကြောင်း မိတ်ဆက်ပွဲတခုကို နိုဝင်ဘာ (၁)ရက် ညနေ ၃နာရီခန့်က ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည်။

သီချင်းဆို ပြိုင်ပွဲတွင် ဒိုင်လူကြီးများအဖြစ် တေးရေးဆရာ မြင့်မိုးအောင် တေးသံရှင် ဖြူဖြူကျော်သိန်း တေးရေးစိမ့်နှင့် တေးသံရှင် နောနော်တို့က ပါဝင်အကဲဖြတ်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ပဏာမ အယောက်၃၀ ကို ရွေးချယ်ယှဉ်ပြိုင်စေမှာဖြစ်ပြီး ပထမဆုအတွက် ဆုငွေကျပ် သိန်းငါးဆယ်နှင့်တကွ အသိပညာပေး တေးအယ်လ်ဘမ်တွင် ပါဝင်သီဆိုခွင့်ရမည်ဖြစ်သည်။ လျှောက်လွှာများကို ထာဝရဖဲကြိုးဖြူ Facebook page တွင် ရယူနိုင်ပြီး နိုဝင်ဘာ ၄ရက်နေ့ နောက်ဆုံးထားကာ Gender Equality Network သို့ပေးပို့နိုင်သည်။

"လက်ရှိတွင် လူငယ်အများ စိတ်ဝင်စားမှုမြင့်မားနေသော ရုပ်သံသီချင်းဆိုပြိုင်ပွဲဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကို အရေးကြီးကဏ္ဍအဖြစ် ရှုမြင်လာကြရန် ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်သည်ဟု ဒေါ်မေစံပယ်ဖြူ(ကျား/မ ရေးရာတန်းတူညီမျှရေးကွန်ယက်) မှပြောကြားသည်။

ဖဲကြိုးဖြူ သင်္ကေတသည် ကျား၊မ အခြေပြု အကြမ်းဖက်မှု၏ သင်္ကေတတစ်ခုဖြစ်ပြီး ကမ္ဘာ့တဝှမ်းတွင် တွေ့ကြုံနေသော အကြမ်းဖက်မှုများကို အာရုံစိုက်လာစေရန် ရည်ရွယ်နှိုးဆော်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly