ဂျာမန်တင်းနစ်မယ် ခါဘာ WTP အမျိုးသမီးတင်းနစ် အဆင့်သတ်မှတ်ချက်များတွင် ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်

ဂျာမန်တင်းနစ်မယ် ခါဘာ WTP အမျိုးသမီးတင်းနစ် အဆင့်သတ်မှတ်ချက်များတွင် ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်
ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA) အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ရာမှာ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာကပဲ အမှတ် (၉,၀၈၀) နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့ပါတယ်။

အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံကတော့ အဆင့် (၂) နေရာမှာ အမှတ် (၇,၀၅၀)နဲ့ ဆက်ရှိနေပြီး WTA ဖိုင်နယ်မှာ အနိုင်ရရှိတဲ့ ဆလိုဗက်ကီးယား တင်းနစ်မယ် ဒိုမီနီကာ ဆက်ဘလူးကိုဗာက အဆင့် (၈) နေရာကနေ အဆင့် (၅) အထိ ခုန်တက်ခဲ့ပါတယ်။

ဒါပေမယ့် စပိန်တင်းနစ်မယ် ကာလာ ဆွာရက်ဇ်ကတော့ အဆင့် (၁၀) အတွင်း မပါဝင်နိုင်တော့သလို တစ်နိုင်ငံတည်းသူ မူဂူရူဇာမှာလည်း အဆင့် (၄) နေရာကနေ အဆင့် (၇) နေရာအထိ ဆင်းခဲ့ရပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၉,၀၈၀
၂) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၇,၀၅၀
၃) ရစ်ဝမ်စ်ကာ (ပိုလန်) ရမှတ် ၅,၆၀၀
၄) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ရမှတ် ၅,၂၂၈
၅) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၄,၈၇၅
၆) ပလစ်ဆကိုဗာ (ချက်) ရမှတ် ၄,၆၀၀
၇) မူဂူရူဇာ (စပိန်) ရမှတ် ၄,၂၃၆
၈) မာဒီဆန် ကီးစ် (အမေရိကန်) ရမှတ် ၄,၁၃၇
၉)  ကက်ခ်နက်ဇီဗာ (ရုရှား) ရမှတ် ၄,၁၁၅
၁၀) ကာလာ ဆွာရက်ဇ် (စပိန်) ရမှတ် ၃,၃၃၀

©EFE_EPA   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly