မိုဆူးလ်မြို့သိမ်းရေးတွင် အိုင်အက်စ်ခံစစ်များကို အီရတ်တပ်များ ထိုးစစ်ဆင်

မိုဆူးလ်မြို့သိမ်းရေးတွင် အိုင်အက်စ်ခံစစ်များကို အီရတ်တပ်များ ထိုးစစ်ဆင်

မိုဆူးလ်၊ အောက်တိုဘာ ၃၁  ။            ။ အိုင်အက်စ်တို့၏ အမာခံနယ်မြေအဖြစ် ကျရောက်နေသည့် မိုဆူးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်လျက်ရှိရာတွင် တတိယသီတင်းပတ်မြောက် အထိ ရောက်ရှိလာပြီး ဖိ၍ တိုက်ခိုက်လျက်ရှိနေရာ မိုဆူးလ်မြို့၏ အိုင်အက်စ် ခံစစ်များကို ထိုးစစ်ဆင်လျက်ရှိသည်။

အကြမ်းဖက်ချေမှုန်းရေးအထူးတပ်ဖွဲ့က ခရစ်ယာန်မြို့ဖြစ်သည့် ဘာတယ်လာမြို့မှ မိုဆူးလ်မြို့ အရှေ့ဖက် ဆင်ခြေဖုံးများဆီ ထိုးစစ်ဆင် ချည်းကပ်ရာတွင် အိုင်အက်စ်တို့က   မော်တာကျည်များဖြင့်   ပြန်လှန်ပစ်ခတ်မှုကို ရင်ဆိုင်နေရကြောင်း ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိနေသည့် အေအက်ဖ်ပီသတင်းထောက်က ပြောသည်။

အိုင်အက်စ်တို့၏ မော်တာကျည်များ ပစ်ခတ်နေသည့် နေရာသို့ လေကြောင်းထိုးစစ်ဆင်နွှဲချိန် ဟမ်းဗီးစစ်ယာဉ်တန်းက ဂျီဟတ်ဝါဒီ အိုင်အက်စ်များ ထိန်းချုပ်ထားရာ နေရာသို့ ပစ်ခတ်တိုက်စစ်ဆင်သည်။

“ပစ်မှတ်ကတော့ မိုဆူးလ်မြို့အရှေ့က နောက်ဆုံးကျေးရွာနှစ်ရွာကို ပြန်လည်သိမ်းပိုက် ရရှိရေးပဲဖြစ်ပါတယ်။”ဟု ဒုတိယဗိုလ်မှူးကြီး မန်တာဒဟာရှီမာရီက အေအက်ဖ်ပီသို့ ပြောသည်။

“အခု ထိုးစစ် အောင်ခဲ့ရင် မိုဆူးလ်မြို့ဆီ ရောက်ဖို့က မီတာ နှစ်ရာ သုံးရာလောက်ပဲ လိုပါတော့တယ်။ မြို့သိမ်းရေးက လက်တစ်ကမ်းမှာပါ။”၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly