မောင်တောမြို့နယ် ငခူရကျေးရွာတွင် စျေးဆိုင်ခန်းအချို့ မီးလောင်မှုဖြစ်ပွား

မောင်တောမြို့နယ် ငခူရကျေးရွာတွင် စျေးဆိုင်ခန်းအချို့ မီးလောင်မှုဖြစ်ပွား

မောင်တော၊ အောက်တိုဘာ ၃၁ ။                     ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ခံမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် နယ်မြေ တစ်ခုဖြစ်သော ငခူရကျေးရွာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ အချိန်ခန့်က ဈေးဆိုင်ခန်း အချို့မီးလောင် ကျမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ညနေ ၉ နာရီ ဝန်းကျင်တွင် ငြိမ်းသတ်နိုင်ခဲ့သော်လည်း ဆိုင်ခန်း (၃) ခန်း ဆုံးရှုံးခဲ့သည်။

ငခူရကျေးရွာသည် မောင်တော စီးနင်းတိုက်ခိုက်ခံရမှုတွင် ပါဝင်ပတ်သက်နေသူများ အဓိက ခိုလှုံလျက်ရှိသည့် နေရာဟု အာဏာပိုင်များမှ ယူဆကာ လုံခြုံရေး အထူးတင်းကျပ်ထားသည့်   ဒေသဖြစ်ပြီး   အောက်တိုဘာ ၉ ရက်နေ့တွင် ငခူရနယ် မြေစခန်း စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် (၂) ဦးကျဆုံးခဲ့ကာ (၃) ဦး ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly