အငြင်းပွားရေပြင်တွင် တရုတ်သင်္ဘောများ ဆက်ရှိနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်ပြော

အငြင်းပွားရေပြင်တွင် တရုတ်သင်္ဘောများ ဆက်ရှိနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်ပြော

မနီလာ၊ အောက်တိုဘာ ၃၁ ။                ။ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်တွင် တရုတ်သင်္ဘောများ ဆက်ရှိနေသေးဆဲဖြစ်သော်လည်း ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောများကို ရပ်တန့်ခိုင်းခြင်း မရှိတော့ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၃၀ ရက်၌ ပြောသည်။

၂၀၁၂ ကစကာ တရုတ်သို့ ကျုးကျော်ထားသည့် စကာဘိုရောက်ခ်ရေပြင်မှ တရုတ်သင်္ဘောများ ဆုတ်ခွာသွာပြီးဟု ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ထားလင့်ကစား ဆက်ရှိနေသေးဆဲပင်ဖြစ်ကြောင်း ယင်းအရပ်မှ ပြန်ရောက်လာသည့် ရေဖမ်းသမားများထံမှ ကြားသိရသည်။

သမ္မတ ဒူတာတေး၏ ဆက်ဆံရေး ပြန်လည်ထူထောင်မှု တရုတ်ခရီးစဉ်ပြီးနောက် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ အငြင်းပွားရေပြင်တွင် တရုတ်သင်္ဘောများ ဆက်ရှိနေတော့မည် မဟုတ်ကြောင်း အောက်တိုဘာ ၂၉ ရက်က ပြောခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယင်းရေပြင်သို့ ရောက်ရှိခဲ့ကြသည့် ငါးဖမ်းသမားများက တရုတ်သင်္ဘောများ ရှိနေသေးဆဲဖြစ်ကြောင်း ပြောသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အန်ဒိုလောင်က ပြောသည်။

“ဒီရေပြင်ပိုင်နက်ကို ရောက်ခဲ့ကြတဲ့ ဖိလစ်ပိုင် တံငါသည်တွေက သူတို့ တရုတ်သင်္ဘောတွေကို မြင်တွေ့ခဲ့ရတယ်လို့ပြောတယ်။ ဒါပေမယ့် တရုတ်သင်္ဘောတွေက သူတို့ကို ဟန့်တားနှောင့်ယှက်တာမျိုး မရှိဘူး။ အေးအေးဆေးဆေးပဲ ငါးဖမ်းခဲ့ရကြောင်း ပြောပါတယ်။”ဟု ၎င်းက အောက်တိုဘာ ၃၀ ရက်တါင် ပြောခဲ့သည်။

တရုတ်နိုင်ငံက ဖိလစ်ပိုင်၏ အဓိက လူဇွန်ကျွန်းမကြီးမှ အနောက်ဖက် ကီလိုမီတာ ၂၃၀ အကွာက ရေပြင်ပိုင်နက်ကို ၂၀၁၂ မှစကာ ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ငါးပေါကြွယ်သည့် ယင်းရေပြင်မှ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောများကို မောင်းထုတ်ကာ တစ်ခါတစ်ရံ ရေအမြှောက်များ အသုံးပြုကာပင် မောင်းထုတ်ခြင်းများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags