၄၃ ကြိမ်မြောက်ဟက်ထရစ်သွင်းယူပြီး လိဂ်သွင်းဂိုး ၃၅၀ ကျော်သွားသည့် စီရော်နယ်ဒို

၄၃ ကြိမ်မြောက်ဟက်ထရစ်သွင်းယူပြီး လိဂ်သွင်းဂိုး ၃၅၀ ကျော်သွားသည့် စီရော်နယ်ဒို

အောက်တိုဘာ ၃၀၊ စပိန် ။              ။ ရီးယဲလ်အသင်းက အလာဗက်စ်အသင်းကို ၁-၄ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးပေါက်ပျောက်နေသည့် စီရော်နယ်ဒိုမှာ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး လိဂ်ပြိုင်ပွဲများတွင် ဂိုး ၃၅၀ ပြည့်မြောက်သွားခဲ့သည်။

အလာဗက်စ်အသင်းဘက်သို့ ပွဲချိန် ၁၇ မိနစ်တွင် ပင်နယ်တီမှ ချေပဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းသည် စီရော်နယ်ဒိုအတွက် လိဂ်သွင်းဂိုး ၃၅၀ ပြည့်ခဲ့ရသည့် ဂိုးဖြစ်သည်။ စီရော်နယ်ဒိုသည် စပို့တင်းလစ္စဘွန်းတွင် ၃ ဂိုး၊ မန်ယူတွင် ၈၄ ဂိုး၊ ရီးယဲလ်အတွက် ၂၆၅ ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် ပွဲချိန် ၃၃ မိနစ်နှင့် ၈၈ မိနစ်တို့တွင် စီရော်နယ်ဒိုက ဂိုးများထပ်မံသွင်းယူပြီး ဟက်ထရစ် ရရှိခဲ့ကာ လိဂ်သွင်းဂိုး ၃၅၂ ဂိုးဖြစ်သွားခဲ့သည်။

ယခုပွဲတွင် ရရှိခဲ့သည့် ဟက်ထရစ်သည် စီရော်နယ်ဒို၏ ကစားသမားဘဝတွင် ၄၃ ကြိမ်မြောက်ဟက်ထရစ် ဖြစ်ပြီး ရီးယဲလ်အတွက် ၃၈ ကြိမ်မြောက်ဟက်ထရစ်ဖြစ်သည်။ လာလီဂါကစားသမားများထဲတွင် ဟက်ထရစ်အမျာဆုံးသွင်းယူထားနိုင်သည့်ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားသည်။

ယခုပွဲတွင် သုံးဂိုးသွင်းယူခဲ့သည့်အတွက် စီရော်နယ်ဒိုမှာ သူ၏ကစားသမားဘဝတွင် ပြိုင်ပွဲစုံ၌ ဂိုး ၅၆၀ ပြည့်သွားခဲ့သည်။ အလာဗက်စ်ကို ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် လာလီဂါတွင် ရင်ဆိုင်ဖူးသည့် အသင်းပေါင်း ၃၁ သင်းလုံးကို ဂိုးသွင်းနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

စီရော်နယ်ဒိုသည် သူ၏ရီးယဲလ်ကစားသမားဘဝတွင် ပြိုင်ဘက်အသင်းပေါင်း ၆၁ သင်းနှင့် ရင်ဆိုင်ခဲ့ဖူးညပီး ၅၈ သင်းကို ဂိုးသွင်းယူနိုင်ခဲ့သည်။

ရည်ညွှန်း စပို့ကီဒါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly