ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း တွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေ ကျဆင်း

ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း တွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေ ကျဆင်း

မြန်မာနိုင်ငံ၏ ကျောက်စိမ်းနှင့် အခြားတွင်းထွက်သယံဇာတ ပြည်ပသို့ တင်ပို့မှုသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်၏ အောက်တိုဘာ ၂၁ ရက်အထိ အချက်အလက်အရ တွင်းထွက်ပစ္စည်းပြည်ပတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၅၁၈ ဒဿမ ၄၂၁ သန်း ရရှိရာ ယမန်နှစ် အလားတူကာလက ဒေါ်လာ ၇၇၁ ဒဿမ ၉၁၇ သန်း ဝင်ငွေ ရရှိခဲ့သဖြင့် ဒေါ်လာ သန်း ၂၀၀ ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လတာအတွင်း ကျောက်စိမ်းတူးဖော်မှု ကျဆင်းခြင်းကြောင့် ယခုကဲ့သို့ ဝင်ငွေ လျော့ပါးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာက အောက်တိုဘာ ၂၉ ရက်က ဖော်ပြသည်။

မြန်မာနိုင်ငံက ကျောက်စိမ်းကို အဓိကအားဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့သည်။ မြန်မာ့ကျောက်စိမ်း၏ အကြီးဆုံးဝယ်လက်မှာ တရုတ်နိုင်ငံဖြစ်သည်။

ယခုလ အစောပိုင်းက အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ပေးခဲ့၍ တွင်းထွက်သယံဇာတများ ပြည်ပသို့ ပိုမိုတင်ပို့လာနိုင်ဖွယ်ရှိကြောင်း မြန်မာ့ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly