တစ်ဦးတည်းသော ပရိသတ်နှင့် အောင်ပွဲခံခဲ့သည့် ဆွီဒင်ကလပ်အသင်း

တစ်ဦးတည်းသော ပရိသတ်နှင့် အောင်ပွဲခံခဲ့သည့် ဆွီဒင်ကလပ်အသင်း
 

အောက်တိုဘာ ၂၈ ။                   ။ ဆွီဒင်ကလပ်အသင်း Gefle သည် Kalmar အသင်းကို အဝေးကွင်းတွင် အနိုင်ရပြီးနောက် အသင်းကိုသစ္စာရှိစွာ လိုက်လံအားပေးခဲ့သည့် တစ်ဦးတည်းသော ပရိသတ်နှင့်အတူ အောင်ပွဲခံခဲ့ကြသည်။

အဆိုပါ ပရိသတ်သည် မိုင်ပေါင်း ၇၀၀ နီးပါး သွားရောက်ခဲ့ရသည့် ထိုအဝေးကွင်းပွဲစဉ်ကို သစ္စာရှိစွာဖြင့် လိုက်လံအားပေးခဲ့သည့် တစ်ဦးတည်းသော အမာခံပရိသတ်ဖြစ်သည်။

ဆွီဒင်အမှတ်ပေးပြိုင်ပွဲမှာ ဧပြီလမှ နိုဝင်ဘာလအထိ ကျင်းပခြင်းဖြစ်ပြီး ပွဲပေါင်း ၃၀ ကစားရခြင်းဖြစ်သည်။ Gefle အသင်းမှာ အမှတ်ပေးဇယားအောက်ဆုံး ဒုတိယနေရာတွင် ရပ်တည်နေပြီး တန်းမဆင်းရရန် ရုန်းကန်နေရသည့် အသင်းဖြစ်သည်။ ယခုပွဲစဉ်မှာ ၂၈ ပွဲမြောက်ပွဲစဉ်ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးရန် ၂ ပွဲသာ လိုအပ်တော့သည်။

ယခုပွဲတွင်အနိုင်ရခဲ့သောကြောင့် Gefle အသင်းမှာ အဆင့် ၁၄ နေရာမှ ဟယ်ဆင်ဘော့အသင်းနှင့် တစ်မှတ်သာကွာဟတော့ပြီး Play off နေရာအတွက် မျှော်လင့်ခွင့်ရှိသွားပြီ ဖြစ်သည်။

Gefle အသင်းမှာ ၁၈၈၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့်အသင်းဖြစ်ပြီး ယူရိုပါလိဂ်(ယခင် ယူအီးအက်ဖ်အေဖလား) ခြေစစ်ပွဲကို သုံးကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly