သူငယ်ချင်းဖြစ်သူကို ကော်ဖီထဲ အဆိပ်ခတ်သတ်ခဲ့သည့် အင်ဒိုအမျိုးသမီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ

သူငယ်ချင်းဖြစ်သူကို ကော်ဖီထဲ အဆိပ်ခတ်သတ်ခဲ့သည့် အင်ဒိုအမျိုးသမီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ

အောက်တိုဘာ ၂၈ ။            ။ သူငယ်ချင်းဖြစ်သူကို ရည်ရွယ်ချက်ရှိရှိ ကော်ဖီထဲ အဆိပ်ခတ် သတ်ခဲ့သူ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးကို အောက်တိုဘာလ ၂၇ ရက်က တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်သည်။

အသက် ၂၈ နှစ်အရွယ် ဂျက်ဆီကာ ဝေါင်ဆို ဆိုသည်အမျိုးသမီးက ယခုနှစ် ဇန်နဝါရီလ ၆ ရက်က သူငယ်ချင်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဝါယန် မီရန်ကို ဂျာကာတာရှိ ကော်ဖီဆိုင်တစ်ခုသို့ ချိန်းဆိုကာ ကော်ဖီခွက်ထဲ အဆိပ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဂျက်ဆီကာမှာ သူငယ်ချင်းဖြစ်သူကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရန် ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

ဂျက်ဆီကာမှာ ယခုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ကို တွေ့ရသည့်အတွက် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ကြောင်းနှင့် သူမ၏ လုပ်ရပ်မှာ အလွန်တရာ ယုတ်ညံ့ပြီး ရက်စက်လွန်းရာ ကျသည်ဟု တရားသူကြီး ကစ်ဝိုရိုက ပြောကြားခဲ့သည်။

သို့ရာတွင် ယခုစီရင်ချက်မှာ တရားမျှတမှုမရှိကြောင်းနှင့် တစ်ဘက်သတ်ဆန်လွန်းကြောင်း ဂျက်ဆီကာ ပြောဆိုသွားပြီး သူမအနေဖြင့် အယူခံဝင်သွားမည်ဟုလည်း ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags