ရခိုင့် သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေုး လမ်းလျှောက်ချီတက်မည့်ရက် ရွှေ့ဆိုင်း

ရခိုင့် သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေုး လမ်းလျှောက်ချီတက်မည့်ရက် ရွှေ့ဆိုင်း

စစ်တွေ၊ အောက်တိုဘာ ၂၇ ရက်။                ။ ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် သဘာဝသယံဇာများနှင့် မြေယာများအား ပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့် ရရှိရေးအတွက် စစ်တွေမှ ကျောက်ဖြူမြို့သို့ လမ်းလျှောက်ချီတက်ရန် အစီအစဉ်ကို မူလက အောက်တိုဘာ ၃၀ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသော်လည်း ဒေသအခြေအနေများကြောင့် နိုဝင်ဘာလ ၂၀ ရက်   နေ့သို့ ရွေ့ဆိုင်းလိုက်သည်။

လမ်းလျှောက်ချီတက်မှုကို ရခိုင်ပြည်နယ် အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ သယံဇာတလှုပ်ရှားမှုအဖွဲ့များဖြင့် စုပေါင်းကာ ဖွဲ့စည်းထားသည့် ရခိုင့်သယံဇာတ၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦးဆောင်ပြု လုပ်သွားမည်ဖြစ်ကာ စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ အနည်းဆုံး ရက်ပေါင်း ၁၃ ရက်ခန့်ကြာမြင့်မည်ဖြစ်သည်။

“ သယံဇာတနဲ့ မြေယာတွေအတွက် ကိုယ်ပိုင်စီမံပြဌာန်းခွင့်တွေရရှိရေးအတွက် လမ်းလျှောက်ချီ တက်မှာဖြစ်ပါ တယ်။ အစက ကျွန်မတို့သတ်မှတ်ထားတဲ့ ရက်ကတော့ ရခိုင်ပြည်နယ်ထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာ တွေ၊ အခြေအနေတွေကြောင့် နောက်ဆုတ်လိုက်ပါတယ်။” ဟု အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်ညိုအေးက ပြောသည်။

ချီတက်လှုပ်ရှားမှုအား ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ လူမှုအဖွဲ့အစည်းများ၊ မြေယာအရေးလှုပ်ရှားသူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ အစရှိသည့် အရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့် စိတ်ပါဝင်စားလျှက်ရှိကြရာ အားလုံးက တက်တက်ကြွကြွလိုက်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ချီတက်မှုတွင် ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် သယံဇာတများနှင့် ဆုံးရှုံးနစ်နာနေကြရသည့် မြန်မာတစ်နိုင်ငံလုံးရှိ လယ်ယာမြေများနှင့် ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များ ရရှိရေးအတွက်ကိုလည်း တောင်းဆိုသွားမည်ဖြစ်ကြောင်း ရခိုင့်သယံဇာတ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly