ဟောလိဝုဒ် လျှောက်လမ်းပေါ်ရှိ ဒေါ်နယ်ထရန့်ရဲ့ ကြယ်ပွင့် ဖျက်ဆီးခံရ

ဟောလိဝုဒ် လျှောက်လမ်းပေါ်ရှိ ဒေါ်နယ်ထရန့်ရဲ့ ကြယ်ပွင့် ဖျက်ဆီးခံရ
(ဓာတ်ပုံ - အီးပီအေ)

ဒေါ်နယ်ထရန့်ရဲ့ ဟောလိဝုဒ် လျှောက်လမ်းပေါ်ရှိ ၎င်းရဲ့ကြယ်ပွင့်ကို  ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ဖျက်ဆီးရန် ကြိုပမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ပုစိန်နှင့် လူတစ်ဦးက ထရန့်ရဲ့ ကြယ်ပွင့်ကို ကျိုးပဲ့ပျက်စီးအောင် ခုတ်ထစ်ခဲ့ပြီး အဲဒီနေရာမှာ ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်းရဲ့ နာမည်ကို မမြင်ရတော့ဘူးလို့ ရဲက ပြောပါတယ်။

ဟောလိဝုဒ်မှာထားရှိတဲ့ အောင်မြင်ကျော်ကြားသူတို့ လျှောက်လမ်းပေါ်ရှိ ထရန့်ရဲ့ ကြယ်ပွင့်ကို ဆောက်လုပ်ရေး အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦးက ဖျက်ဆီးသွားခဲ့ကြောင်း အာဏာပိုင်များမှ တယ်လီဖုန်း လက်ခံရရှိပြီး အဆိုပါနေရာကို ရဲတပ်ဖွဲ့များ ရောက်လာပေမယ့် ပျက်စီးနှင့်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

ပျက်ဆီးသွားတဲ့ ကြယ်ပွင့်အပေါ်ဘက်မှာ ရေးထိုးထားတဲ့ ထရန့်နာမည်နဲ့အမှတ်တံဆိပ်တို့ကို ပြန်လည်ပြင်ဆင်နေပါတယ်။

ထရန့်ရဲ့ကြယ်ပွင့်ဟာ အရင်ကလည်း တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။ ဇန်နဝါရီလက ထရန့်ရဲ့ကြယ်ပွင့်ပေါ်မှာ အနက်ရောင် ဂျာမန်နာဇီပါတီ တံဆိပ်ပုံစံ ရေးဆွဲထားသလို ဇွန်လက ဂရပ်ဖီတီပုံ ရေးဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ထရန့်ဟာ သူ့ရဲ့ ကြယ်ပွင့်ကို The Apprentice show အတွက် ရုပ်မြင်သံကြား အမျိုးအစားနဲ့ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly