အထင်ကရ တိဗက်ဘုန်းတော်ကြီး တရုတ်အကျဉ်းထောင်ထဲတွင် ကွယ်လွန်

အထင်ကရ တိဗက်ဘုန်းတော်ကြီး တရုတ်အကျဉ်းထောင်ထဲတွင် ကွယ်လွန်

ပေကျင်း၊ ဇူလိုင်-၁၆ ။      ။ တရုတ်နိုင်ငံ၏ အထင်ကရ နိုင်ငံရေးအကျဉ်းသားများအနက်မှ တစ်ဦးဖြစ်သည့် တိဗက်ဘုန်းတော် ကြီးတစ်ပါးမှာ ထောင်ဒဏ်ကျခံနေရင်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဆွေမျိုးတစ်ဦးက ဇူလိုင်လ ၁၃ရက်နေ့က ပြောကြားခဲ့ပြီး၊ ဘုန်းတော်ကြီးနေထိုင်ခဲ့ရာ ချက်မြှုပ်ဒေသမှ အစိုးရရုံးတစ်ခုအနီးသို့ ဆန့်ကျင်ဆန္ဒပြသူများ စုရုံးလာသည့်အတွက် လုံခြုံရေး တပ်ဖွဲ့များ ဖြန့်ချထားခဲ့ရသည်ဟုလည်း လူ့အခွင့်အရေးအုပ်စုတစ်စုက ပြောကြားခဲ့သည်။

အကြမ်းဖက်မှုနှင့် ခွဲထွက်ရေးလှုံ့ဆော်မှုများ စွဲချက်များဖြင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် တိဗက်ဘုန်းတော်ကြီး တင်ဇင်း ဒီလက် ရင်ပိုချေ (၆၅နှစ်)အား လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများ ကတောင်းဆို ခဲ့ကြသည်။

ဘုန်းတော်ကြီး ရင်ပိုချေမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချင်းတုမြို့မှ ချွန်တုန်းအကျဉ်းထောင်တွင် ဇူလိုင်လ ၁၂ရက်နေ့ ကသေဆုံးသွား ခဲ့ခြင်းဖြစ်သည်ဟု ဘုန်းတော်ကြီး၏ ဝမ်းကွဲတော်စပ်သူ ဂီရှီ ညီမာက အိန္ဒိယနိုင်ငံမှ ရိုက်တာသို့ ဖုန်းဖြင့်ပြော ကြားခဲ့သည်။ ဘုန်းတော်ကြီးရင်ပိုချေ အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အိန္ဒယအခြေစိုက် အဝေးရောက်တိဗက်အစိုးရ Central Tibetan Administration ကလည်း အတည်ပြုပြောကြားခဲ့သည်။  

 ‘ဆေးကုသခွင့်ခံဝန်တောင် မပေးခဲ့ဘဲ၊ နောက်လိုက်တွေကိုလည်း ဘုန်းတော်ကြီးကို နောက်ဆုံးအနေနဲ့တောင် ကြည့်ခွင့်မပေး တာက တရုတ်အစိုးရရဲ့ သဘောထားတင်းမာလွန်းတဲ့ ပေါ်လစီတွေကို ထင်ဟပ်ပြနေပါတယ်’’ဟု အဝေးရောက် တိဗက်အစိုးရ ၏ အကြီးအကဲ လော့ဘဆန် ဆန်ဂေးက ပြောကြားခဲ့သည်။ ‘ဒီလို မဖွယ်မရာဆက်ဆံမှုက တိဗက်လူမျိုးတွေကြားမှာ ပိုပြီးတော့ အမုန်းပွားစေမှာပါ’’ဟုလည်း ၎င်းက ပြောကြားသည်။

ဘုန်းတော်ကြီးရင်ပိုချေ သေဆုံးသွားကြောင်း သိရှိရ၍ ဝမ်းနည်းရကြောင်းနှင့် တရုတ်အာဏာပိုင်များအနေဖြင့် သူသေဆုံးရသည့် အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်၍ လူသိရှင်ကြား ကြေညာမည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ကြေညာချက်ထုန်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly