ထိုင်းနယ်စပ်ဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် ခြောက်ဆယ်ကျော် ပထမဆုံးအဖြစ်နေရပ်ပြန်ခေါ်

ထိုင်းနယ်စပ်ဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် ခြောက်ဆယ်ကျော် ပထမဆုံးအဖြစ်နေရပ်ပြန်ခေါ်

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် ၆၈ ဦးအား ပထမဆုံးအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် နေရပ်ပြန်ခေါ်လျက်ရှိပြီဖြစ်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက သမိုင်းမှတ်တိုင်တစ်ရပ်
စိုက်ထူနိုင်ခြင်းအဖြစ် ကြိုဆိုသည်။

နေရပ်ပြန်ဒုက္ခသည်များအနေဖြင့် ထိုင်းနှင့် မြန်မာအစိုးရများထံမှ အတည်ပြုချက် ရရှိကြောင်း UNHCR က ပြောသည်။

မြန်မာနယ်စပ် ထိုင်းဖက်ခြမ်းတွင်ရှိသည့် ဒုက္ခသည်စခန်းပေါင်း ကိုးခု၌ ဒုက္ခသည်ပေါင်း ထောင်ပေါင်းများစွာ ရှိနေပြီး နေရပ်ပြန်ရေးက မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် မဖြစ်နိုင်သည့် အိပ်မက်ပမာ ရှိနေခဲ့ရခြင်းဖြစ်သည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်းမှစကာ ပြောင်းလဲမှုတစ်ချို့
ဖြစ်ထွန်းလာခဲ့သည်။

ယခုနေရပ်ပြန်ခြင်းကို ရတ်ချာဘူရီပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ အောက်တိုဘာ ၂၅ ရက်၌ မိသားစုတစ်စု စတင်ထွက်ခွာခြင်းနှင့်အတူ စတင်ခဲ့ခြင်းဖြစ်သည်။ တက်ပြည်နယ်တွင်းရှိ နုပိုဒုက္ခသည်စခန်းမှ မိသားစု ဒါဇင်များစွာက အောက်တိုဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း UNHCR မှ တာဝန်ရှိသူ Iain Hall က ပြောသည်။

“ခုဖြစ်ရပ်က သမိုင်းမှတ်တိုင် တစ်ခုပါပဲ။”ဟု ၎င်းက မဲဆောက်နယ်စပ်မြို့မှ တယ်လီဖုန်းဖြင့် ရိုက်တာသို့ ပြောကြားသည်။

“မြန်မာအစိုးရ တာဝန်ရှိသူတွေ လာရောက်ပါတယ်။ ပြီးတော့ နိုင်ငံသားဖြစ်သူတွေကို သက်သေခံကတ်ပြားတွေ ထုတ်ပေးတယ်။”ဟု ၎င်းက ပြောပြီး ပြန်ခေါ်ရန် အရွေးခံရသူများအနေဖြင့် မြန်မာနိုင်ငံတွင်းက ၎င်းတို့၏ မိသားစုဆွေမျိုးများ၏ ပြန်လာ၍ ရကြောင်း၊ ဘေးကင်းကြောင်း သတင်းပေးမှုအပေါ် ကိုယ်တိုင်ဆုံးဖြတ်ကြခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

မြန်မာနှင့် ထိုင်းနယ်စပ်တွင် ဒုက္ခသည်စခန်း ကိုးခုရှိကာ မြန်မာဒုက္ခသည်ပေါင်း ၁၀၃၀၀၀ နီးပါး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly