ပြင်သစ်၏ Calais မြို့ ဒုက္ခသည်စခန်းရှိ ရွှေ့ပြောင်းများအား စတင်နေရာပြောင်းရွှေ့

ပြင်သစ်၏ Calais မြို့ ဒုက္ခသည်စခန်းရှိ ရွှေ့ပြောင်းများအား စတင်နေရာပြောင်းရွှေ့
ဓာတ်ပုံ-EFE EPA

အောက်တိုဘာ ၂၄ ။             ။ ပြင်သစ်နိုင်ငံ Calais မြို့ရှိ အကြီးဆုံးသော ဒုက္ခသည်စခန်းမှ ရွှေ့ပြောင်းနေထိုင်သူများကို အောက်တိုဘာလ ၂၄ ရက်အစောပိုင်းက အာဏာပိုင်များက စတင်နေရာပြောင်းရွှေ့ပေးခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါစခန်းသည် အိမ်ယာမဲ့သူ အနည်းဆုံး ၇,၀၀၀ ခန့်တို့ နေထိုင်ခဲ့သော နေရာတစ်ခုလည်း ဖြစ်သည်။ ယခုအခါ ပြင်သစ်အစိုးရက ယင်း စခန်းအား ရှင်းလင်းဖျက်သိမ်းသွားတော့မည် ဖြစ်ပြီး စခန်းတွင် နေထိုင်နေသော ရွှေ့ပြောင်းများအား နိုင်ငံတစ်ဝန်း ရှိ ရွှေ့ပြောင်းနေရာချထားရေးစင်တာ ၄၅၀ ခန့်သို့ ပြောင်းရွှေ့နေရာချထားပေးမည်ဟု သိရသည်။

ပြင်သစ်အစိုးရအနေဖြင့် အဆိုပါစခန်းအား ယခုနှစ်ကုန်တွင် ပိတ်သိမ်းသွားမည်ဟု အစောပိုင်းကတည်းက ကြေညာထားခဲ့ပြီးနောက် ယခုကဲ့သို့ စခန်းဖျက်သိမ်းတော့မည့် အစီအစဉ်ကို ကန့်ကွက်သည့် ရွှေ့ပြောင်းအုပ်စုတစ်စုက ယမန်နေ့ညက စခန်းတွင်း မီးရှို့ခြင်းနှင့် လုံခြုံရေးဝန်ထမ်းများအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အောက်တိုဘာ ၂၄ ရက်နံနက်ပိုင်းတွင်မူ နေရာရွှေ့ပြောင်းရတော့မည့် ရွှေ့ပြောင်းနေထိုင်သူများမှာ ၎င်းတု့ိ၏ ပိုင်ဆိုင်ပစ္စည်းအိတ်များကို ကိုင်ဆောင်ရင်း စခန်းပြင်ပတွင် ငြိမ်းချမ်းစွာ စီတန်းစောင့်ဆိုင်းခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags