အမေရိကန် သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ် ဒဗလျူဘုရှ် နေအိမ်တွင် လဲကျရာမှ လည်ပင်းရိုးကျိုး

အမေရိကန် သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ် ဒဗလျူဘုရှ် နေအိမ်တွင် လဲကျရာမှ လည်ပင်းရိုးကျိုး

ဝါရှင်တန်၊ ဇူလိုင် ၁၆ ။     ။ အမေရိကန်သမ္မတဟောင်း ဂျော့ဂျ်ဒဗလျူဘုရှ်သည် ဇူလိုင် ၁၅က မိန်းပြည်နယ်ရှိ ၎င်း၏ နေအိမ်တွင် လဲကျစဉ် လည်ပင်းရှိအရိုးတစ်ချောင်းကျိုးသွားခဲ့သည်ဟု ပြောခွင့်ရသူ ဂျင်မက်ဂရက်က ပြောကြားခဲ့သည်။

"သူ့အခြေအနေက တည်ငြိမ်ပါတယ်။ နေကောင်းပါတယ်။ ဒါပေမဲ့ လည်ပင်းအထိန်းကိရိယာနဲ့တော့ နေရဦးမှာပါ"ဟု မက်ဂရက် က တွစ်တာမှ ပြောကြားခဲ့သည်။ အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်သော ဘုရှ်ကို မိန်းပြည်နယ်၊ ပို့တ်လဲန်ရှိ ဆေးရုံတစ်ခုတွင် ကုသ လျက်ရှိသည်။ ဆေးရုံတွင် ကြာကြာနေရမည်ဟု မမျှော်လင့်ကြောင်းလည်း မက်ဂရက်က စီအင်အင်သို့ ပြောကြားခဲ့သည်။

ဒီဇင်ဘာလက မိန်းပြည်နယ်၊ ကင်နေဘန့်ပို့တွင် အိမ်တစ်လုံးရှိသော ဘုရှ်သည် အသက်ရှူခက်ခဲမှုများကြောင့် ဟူစတန် ရှိဆေးရုံ တစ်ခုတွင် တစ်ပတ်ကြာကုသခဲ့ရသေးသည်။ ရီပတ်ဘလစ်ကင်သမ္မတဟောင်းဖြစ်သူ ဘုရှ်သည် သမ္မတရာထူးကို ၁၉၈၉ခုနှစ်မှ ၁၉၉၃ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး၁၉၉၀ပြည့်နှစ်က ကူဝိတ်ကိုအီရတ်သမ္မတဆက်ဒမ်ဟူစိန်က သိမ်းပိုက်မှုအား အင်အားသုံးဖြေ ရှင်းခဲ့သည်။ သူသည် ဒုတိယသက်တမ်းတွင် သမ္မတ ဘီလ်ကလင်တန်ကို ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly