ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာ ရှစ်ပတ်ခန့် အနားယူရမည်

ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာ ရှစ်ပတ်ခန့် အနားယူရမည်

အောက်တိုဘာ ၂၃၊ စပိန် ။              ။ ဘာစီလိုနာအသင်းက ဗလင်စီယာအသင်းကို ၂-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာမှာ ဒူးဒဏ်ရာရရှိခဲ့သည့်အတွက်  ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရတော့မည် ဖြစ်သည်။

အင်နီယေစတာသည် ပွဲချိန် ၁၄ မိနစ်တွင် အန်ဇိုပီရက်ဇ်နှင့်ထိခိုက်မိခဲ့ပြီး ဒူးအရွတ်တွင် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။ ယခုဒဏ်ရာကြောင့် အင်နီယေစတာမှာ မန်စီးတီးနှင့်ကစားရမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရန်သေချာသွားပြီ ဖြစ်ပြီး လက်ကျန်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အားလုံးကိုလည်း လွဲချော်မည့်အနေအထားဖြစ်သည်။

ဗလင်စီယာနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ အသည်းအသန်ကစားခဲ့ရပြီး မက်ဆီ၏ နောက်ဆုံးပင်နယ်တီသွင်းဂိုးကြောင့်သာ သုံးဂိုး-နှစ်ဂိုးဖြင့် ကပ်ပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။ မက်ဆီဂိုးသွင်းပြီးချိန်တွင် ဘာစီလိုနာအသင်းသားများအောင်ပွဲခံရာသို့ ဗလင်စလီယာပရိသတ်တစ်ဦးက ရေဗူးဖြင့် ပစ်ပေါက်ခဲ့ရာ နေမာကိုထိမှန်ခဲ့ပြီး ပြဿနာဖြစ်ပွားခဲ့ရသေးသည်။ ပွဲအပြီးတွင်လည်း နှစ်ဘက်အသင်းသားများအကြား အချင်းများမှုတစ်ချို့ ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် ဘာစီလိုနာအသင်း၌ အဓိကနောက်ခံလူများဖြစ်သော ပီကေးနှင့် ဂျော်ဒီအယ်ဘာတို့ ဒဏ်ရာရနေသည့်အတွက် အသင်းအတွက် အခက်အခဲများ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags