မောင်တောအရေး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ သီးသန့် ဆွေးနွေးမည်

မောင်တောအရေး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ သီးသန့် ဆွေးနွေးမည်
ဓာတ်ပုံ - မိုးအောင်/RiA

စစ်တွေ၊ အောက်တိုဘာ ၂၂ ရက် ။                    ။ ရခိုင်နယ်စပ် မောင်တောခရိုင်၏ လတ်တလော အခြေအနေများနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် သီးသန့်   တွေ့ဆုံဆွေးနွေးမှုတရပ် ပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများရေးရာ ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လက်ရှိအစိုးရကို အကျပ်အတည်းဖြစ်အောင်လုပ်ဖို့ မသင့်ဘူးလို့လည်း ယူဆပါတယ်။ လုပ်လို့လဲ အကျိုးရှိမှာ မဟုတ်ဘူး။ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရကို အကြံပြုနိုင်အောင် ဆွေးနွေးသွားမှာဖြစ်ပါတယ်။”

တွေ့ဆုံမှုကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြည်နယ်လွှတ်တော်ရုံး၌ ပြုလုပ်သွားမည် ဖြစ်ပြီး လတ်တလော မောင်တောအရေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်၊ အစိုးရကို မည်သို့ တိုက်တွန်းမည်နှင့် နည်းလမ်းရှာဆွေးနွေးမှုများကိုရှာဖွေနိုင်ရန် တွေ့ဆုံမှုကို စီစဉ်ရခြင်း ဖြစ်သည်။

“တွေ့ဆုံမှုက လွှတ်တော်အစည်းအဝေး မဟုတ်ဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုတိုက်တွန်းမှုတွေကို လုပ်မလဲဆိုတာ ဆွေးနွေးမှာပါ။” ဟု ဦးမောင်မောင်အုန်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် လွှတ်တော်ကျင်းပသည့်ရက်များ အတွင်းသာ အလုပ်လုပ်ခြင်း မဟုတ်ဘဲ အမြဲတမ်း ရုံးတက်ကာ လိုအပ်သည့် လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိနေကာ၊   မောင်တောခရိုင်အတွင်းရှိ နေရပ်ပြောင်းရွေ့လာသူများသို့ ထောက်ပံ့ပစ္စည်းများ အကူညီပေးနိုင်ရေး လွှတ်တော်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly