ကလေးတစ်ယောက်လို ရူးသွပ်စွာ အောင်ပွဲခံမည် မဟုတ်ဟု မော်ရင်ဟိုပြော

ကလေးတစ်ယောက်လို ရူးသွပ်စွာ အောင်ပွဲခံမည် မဟုတ်ဟု မော်ရင်ဟိုပြော

အောက်တိုဘာ ၂၂၊ မန်ချက်စတာ။                            ။ အသင်းသစ်က အသင်းဟောင်းချယ်လ်ဆီးဘက်သို့ ဂိုးသွင်းနိုင်ခဲ့ပါက ကလေးတစ်ယောက်လို ရူးသွပ်စွာ အောင်ပွဲခံမည် မဟုတ်ဟု မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက ပြောသည်။

စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြိုင်ဘက်အသင်းနည်းပြအဖြစ် သွားရောက်ရခြင်းမှာ မော်ရင်ဟိုအတွက် ဒုတိယအကြိမ် မြောက်ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် အင်တာမီလန်အသင်းနည်းပြအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အနိုင်ရခဲ့သည်။ မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကို ဒုတိယသက်တမ်းအဖြစ် ကိုင်တွယ်သည့်အခါ ပရီးမီးယားလိဂ် ဖလားကို  တတိယအကြိမ်အဖြစ် ရရှိခဲ့သည်။

“စိတ်လှုပ်ရှားတာကို ထိန်းသိမ်းဖို့ ရင့်ကျက်နေပါပြီ။ ကျွန်တော့်အသင်းက ဂိုးသွင်းနိုင်လိုက်ရင် ကလေးတစ်ယောက်လို အရူးအမူး အောင်ပွဲခံမှာ မဟုတ်ပါဘူး။

ပရိသတ်ဆီက မကောင်းတဲ့ပုံစံနဲ့ အားပေးခံလာရရင်လည်း အဆိုးမြင် တုန့်ပြန်မှာ မဟုတ်ပါဘူး”ဟု မော်ရင်ဟိုက ပြောသည်။

တနင်္ဂနွေနေ့တွင် မော်ရင်ဟိုသည် ၂၀၁၅ ဒီဇင်ဘာ၌ ပရီးမီးယားလိဂ်အဆင့် ၁၆သာ ရနေသော ချယ်လ်ဆီးအသင်းမှ ထုတ်ခံရ ပြီးနောက်ပိုင်း စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပထမဆုံးအကြိမ် ပြန်ရောက်ခြင်းလည်း   ဖြစ်လာမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly