တောင်ကိုရီးယားတွင် ၁၁ ရက်ဆက်တိုက် မားစ်ကူးစက်မှုမရှိ၊ ငါးရက် ဆက်တိုက်သေဆုံး သူမရှိ

တောင်ကိုရီးယားတွင် ၁၁ ရက်ဆက်တိုက် မားစ်ကူးစက်မှုမရှိ၊ ငါးရက် ဆက်တိုက်သေဆုံး သူမရှိ

ဆိုးလ်၊ ဇူလိုင် ၁၆ ။     ။ တောင်ကိုရီးယားတွင် ၁၁ရက်ဆက်တိုက် မားစ်ကူးစက်မှုမရှိ၊ ငါးရက်ဆက် တိုက်မားစ်ကြောင့်သေဆုံးမှု မရှိကြောင်းတောင်ကိုရီးယားက ဇူလိုင် ၁၆ တွင် ထုတ်ပြန်သည်။

ယင်းသို့အခြေအနေက မားစ်ဖြစ်ပွားမှုအဆုံးသတ်ရန်နီးကပ်လာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် သာယာဝပြောရေး ဝန်ကြီးဋ္ဌာန ကပြောကြားခဲ့သည်။

ဇူလိုင် ၆ ကတည်းက ကူးစက်ခံရသူ စုစုပေါင်း ၁၈၆ဦးအထိရှိသည်ဟု ဝန်ကြီးဋ္ဌာနကဆိုသည်။ တောင်ကိုရီးယားတွင် မားစ်ကူး စက်ပျံ့နှံ့မှုမှာ မကြာသေးခင်က လျော့ပါးလာခဲ့ပြီး လွန်ခဲ့သည့် ၁၉ ရက်အတွင်း အသစ်ကူးစက်ခံရသူ လေးဦးသာရှိခဲ့သည်။

သြဂုတ်လ အစောပိုင်းလောက်တွင် မားစ်ဖြစ်ပွားမှုအဆုံးသတ်ကြောင်း ကြေညာနိုင်သည်ဟု သိရသည်။ ဇူလိုင် ၁၂ ရက်က တည်းက သေဆုံးသူအရေအတွက်မှာ ၃၆ ဦးဖြစ်ပြီး သေဆုံးမှုနှုန်းမှာ ၁၉ဒသမ၄ရာခိုင်နှုန်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly