မြန်မာ-အိန္ဒိယ နယ်စပ်ရေးရာ ပူးတွဲကော်မတီ အစည်းအဝေး ကျင်းပမည်

မြန်မာ-အိန္ဒိယ နယ်စပ်ရေးရာ ပူးတွဲကော်မတီ အစည်းအဝေး ကျင်းပမည်

အိန္ဒိယစစ်တပ်က မြန်မာနယ်စပ်တွင် သူပုန်များအား ဇွန် ၉ ရက်က တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ ပူးတွဲကောင်စစ်ဝင်ကော်မရှင် (JCC) ၏ ပထမဆုံး အကြိမ်ဆွေးနွေးပွဲကို ဇူလိုင် ၁၇ ရက်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဆူရှမာဆာဝပ်တို့က ပူးတွဲဦးဆောင်သည့် JCC အား မကြာသေးမီက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့တွင် အိန္ဒိယအစိုးရ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

ဇွန် ၄ ရက်တွင် စစ်သွေးကြွသူပုန်များက စစ်တပ်ယာဉ်တန်းကို မဏိပူရပြည်နယ်အတွင်းး ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးသေဆုံးခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် စစ်တပ်က နယ်စပ်ရှိ စစ်သွေးကြွစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly