ဘာစီလိုနာနောက်ခံလူ ပီကေး သုံးပတ်ခန့်နားရမည်

ဘာစီလိုနာနောက်ခံလူ ပီကေး သုံးပတ်ခန့်နားရမည်

အောက်တိုဘာ ၂၁၊ စပိန် ။           ။ မန်စီးတီးအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သောကြောင့် ဘာစီလိုနာနောက်ခံလူ ပီကေးမှာ သုံးပတ်ခန့်အနားယူရတော့မည် ဖြစ်သည်။

ပီကေးသည် မန်စီးတီးကွင်းလယ်ကစားသမား ဆေးလ်ဗားနှင့်ထိခိုက်မိခဲ့ပြီး ပထမပိုင်းမပြီးခင် လူစားလဲခဲ့ရသည်။ မူလဆေးစစ်မှုများအရ ၁၀ ရက်ခန့်သာ အနားယူရမည်ဟု ဆိုသော်လည်း နောက်ဆုံးတွင် သုံးပတ်ခန့်အနားယူရမည်ဟု ဘာစီလိုနာအသင်းဆရာဝန်များက အတည်ပြုပေးခဲ့သည်။

ထိုဒဏ်ရာကြောင့် ပီကေးသည် ဗလင်စီယာ၊ ဂရန်နာဒါ၊ ဆီဗီလာတို့နှင့် ကစားရသည့် လာလီဂါပွဲစဉ်များကို လွဲချော်မည်ဖြစ်ပြီး မန်စီးတီးနှင့် ဒုတိယအကျော့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း လွဲချော်ဖွယ်ရှိနေသည်။

မန်စီးတီးနှင့်ပွဲစဉ်တွင် ဘာစီလိုနာနောက်ခံလူတစ်ဦးဖြစ်သည့် ဂျော်ဒီအယ်လ်ဘာသည်လည်း တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ၂ ပတ်ခန့် အနားယူရမည်ဟု ဆရာဝန်များက အတည်ပြုသည်။

ဘာစီလိုနာအသင်းက ပီကေးနှင့် ဂျော်ဒီအယ်ဘာတို့ ဒဏ်ရာရရှိခဲ့ပုံနှင့် အချိန်ကာလ မည်မျှအနားယူရမည်ကို အသင်းဝက်ဘ်ဆိုက်မှ တရားဝင် ထုတ်ပြန်ထားသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags