လူမှုကွန်ရက်ပေါ် တင်မိတဲ့ ဓာတ်ပုံကြောင့် ရော်နယ်လ်ဒို ဝေဖန်ခံရ

လူမှုကွန်ရက်ပေါ် တင်မိတဲ့ ဓာတ်ပုံကြောင့် ရော်နယ်လ်ဒို ဝေဖန်ခံရ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်လ်ဒိုဟာ လူမှုကွန်ရက် အင်စတာဂရမ်မှာ ဗုဒ္ဓရုပ်ထုရဲ့ ခြေရင်းမှာ ခြေထောက်တင်ပြီး ဓာတ်ပုံရိုက်တင်လိုက်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်ဒေါသထွက်မှုတွေ ခံနေရကြောင်း သိရပါတယ်။

ဒီပုံကို ရော်နယ်လ်ဒိုက ဖေ့စ်ဘုတ်အကောင့်မှာလဲ တင်ထားခဲ့ပြီး သူရဲ့ နာမည်ကျော် ညာဖက်ခြေဟာ ဗုဒ္ဓရုပ်ထုတော်ကို ဘောင်ခတ်ထားတဲ့ အုတ်ထိပ်ပေါ်မှာ ခြေချထားတာကို တွေ့ရပါတယ်။

ဒီဓာတ်ပုံကို တင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ နိုင်ငံပေါင်းစုံက ပရိသတ်အများအပြားက ဓာတ်ပုံအောက်မှာ ရော်နယ်ဒိုရဲ့ အပြုအမူနဲ့ပတ်သက်လို့ အချို့က ရော်နယ်ဒိုဟာ လေးစားမှု မရှိကြောင်း၊ ဒီလုပ်ရပ်ဟာ ရှက်ဖွယ်ဖြစ်ကြောင်း မှတ်ချက်ပေးကြပါတယ်။

"စီရော်နယ်လ်ဒို၊ ငါက မင်းရဲ့ ပရိသတ်တစ်ယောက်ပါ။ ဒါပေမယ့် မင်းက ခရစ်ယန် ဒါမှမဟုတ် အစ္စလာမ် ဒါမှမဟုတ် ဟိန္ဒူဘာသာဝင်ဖြစ်နေတဲ့တိုင် ငါတို့ရဲ့ ဗုဒ္ဓဘုရားကို လေးစားသင့်တယ်။ မင်းမှာ ဒီဘာသာဝင်တွေထဲက ပရိသတ်အများကြီးရှိတယ်။ မင်းဟာ နာမည်ကြီး ကစားသမား တစ်ယောက်ဖြစ်တယ်။ ငါတောင်းပန်းပါတယ်။ ကျေးဇူးပြုပြီး ဒီလိုမျိုး မလုပ်ပါနဲ့။ ဒီဓာတ်ပုံကြောင့် ကျနော်တို့ (ဗုဒ္ဓဘာသာဝင်)တွေ စိတ်ထိခိုက်မိပါတယ်။ ဘာသာတရားကသာ ကျနော့်ကို နားလည်ပေးနိုင်မယ်"လို့ Waz Tniym Gnian Hkt ဆိုသူက ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားထားပါတယ်။

လူမှုကွန်ရက်မှာ ဒီဓာတ်ပုံကို တင်ပြီး ၉ နာရီအကြာ အင်စတာဂရမ်မှာ likes ပေါင်း (၁.၄) သန်းနှင့် ဖေ့စ်ဘုတ်ပေါ်မှာတော့ ဒီဓာတ်ပုံကို သဘောမကျသူများက "angry" စိတ်လှုပ်ရှားမှုပြပုံ (၄၇,၆၇၇) အပါအဝင် တုံ့ပြန်မှုပေါင်း (၉၄၀,၃၈၁) အထိ ရှိနေခဲ့ပါတယ်။

Bom dia

A photo posted by Cristiano Ronaldo (@cristiano) on Oct 20, 2016 at 12:25am PDT

ရော်နယ်လ်ဒိုဟာ ဖေ့စ်ဘုတ်၊ တွစ်တာနှင့် အင်စတာဂရမ်တို့မှာ followers (၂၄၄) သန်းကျော်ရှိပါတယ်။ ဒါဟာ အဆိုတော် တေလာဆွစ်ဖ်ပြီးနောက် followers အများဆုံးရရှိထားသူ တစ်ဦးလည်းဖြစ်နေပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလက ရော်နယ်လ်ဒိုဟာ လူမှုကွန်ရက်ပေါ်မှာ followers သန်း (၂၀၀) ကျော် ရရှိထားတဲ့ ပထမဦးဆုံး အားကစားသမားဖြစ်လာပါတယ်။

Ref; ESPNFC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly