ရသေ့တောင်မြို့နယ်တွင် ပိုင်ရှင်မဲ့စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းခန့် ထပ်မံဖမ်းဆီးရမိ

ရသေ့တောင်မြို့နယ်တွင် ပိုင်ရှင်မဲ့စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းခန့် ထပ်မံဖမ်းဆီးရမိ

ရသေ့တောင်၊ အောက်တိုဘာ ၂၀ ။              ။ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ရသေ့တောင်မြို့နယ် စေတီပြင်နယ်ခြားစောင့် ရဲကင်းအပိုင်နယ်မြေအတွင်းမှ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၃၅ ဒသမ ၈ သန်းဖိုးရှိသည့် ပိုင်ရှင်မဲ့စိတ်ကြွ ရူးသွပ်ဆေးပြားများကို အောက်တိုဘာလ ၁၉ ရက်နေ့ နံ နက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပုံမှာ ရသေ့တောင်မြို့နယ် အောင်သာယာကျေးရွာအနီးရှိ မေယုတောင် တန်းကြီး၏ တောင်ခြေအောက်တစ်နေရာတွင် လာရောက်ဝှက်ထားခဲ့သည့် ပစ္စည်းများအား ထင်းခုတ်သွားသည့် အမျိုး သမီး သုံးဦးတို့က တွေ့ရှိထားရာ မသင်္ကာသဖြင့် လှည့်ကင်းများလာရောက်ချိန်တွင် သတင်းပေးပြီး ရွာသား များနှင့် လှည့်ကင်းအဖွဲ့တို့ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်း ၁၁. ၄၅ နာရီလောက်မှာ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။ စေတီပြင်နယ်ခြား ရဲအပိုင်နယ် မြေ ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့တာကတော့ အဲဒီမတိုင်ခင်ညတုန်းက အဲဒီနေရာမှာ လက်နှိပ်ဓါတ်မီးတွေနဲ့ လူတွေ သွားလာနေတာကို တွေ့ရတယ်လို့ပြောတဲ့အတွက်ကြောင့် နယ်ခြားရဲနဲ့ အဲဒီနေရာကိုသွားပြီးတော့ကြည့်တဲ့အခါမှာ တွေ့ တာ လို့ပြောတယ်။ အဲဒီအမျိုးသမီးတွေက မသင်္ကာစရာအထုတ်တွေကို ကြိုပြီးတွေ့ထားပြီထင်ပါတယ်။ ဒါကြောင့် လှည့် ကင်း အဖွဲ့ရောက်လာတဲ့အခါမှာ ပြောတာဖြစ်နိုင်ပါတယ်။ အရေအတွက်ကတာ့ ၁၇ ဒသမ ၉ သိန်းဖြစ်ပါတယ်။ ကာလ တန်ဖိုးကတော့ ၃၅ ဒသမ ၈ သန်းဖိုးရှိပါတယ်။ ပိုင်ရှင်ကိုတော့ ဖမ်းဆီးရမိခြင်းမရှိပါဘူး” ဟု ရသေ့တောင်မြို့နယ် ရဲ တပ်ဖွဲ့မှူးက ပြောသည်။

ယင်းနယ်မြေသည် ရသေ့တောင်မြို့နယ် စေတီပြင်နယ်ခြားစောင့် ရဲတပ်ဖွဲ့အပိုင်နယ်မြေဖြစ်ပြီး ပြီးခဲ့သည့် ၁၈ရက်နေ့ ညပိုင်းက မေယု တောင်ခြေရင်းတွင် လူများလက်နှိပ်ဓါတ်မီးဖြင့် သွားလာနေကြသည်ကို တွေ့ရှိရသည့်အတွက် စိုးရိမ်ပြီး ရွာသားများက ရဲစ ခန်းသို့အကြောင်းကြားသဖြင့် မနက်ပိုင်းတွင် အဆိုပါနယ်မြေအတွင်းသို့ လှည့်ကင်းထွက်လာစဉ် အဆိုပါ မူးယစ်များကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိကတော့ စေတီပြင် ရဲစခန်းမှာဘဲ အဲဒီပစ္စည်းတွေအကို အမှုဖွင့်ပြီးတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ အဲဒီ ပစ္စည်းတွေကိုတွေ့တ ဲ့နေရာဟာ မေယုတောင်တန်းရဲအနောက်ဘက် ကိုကျော်တဲ့ ကျော်လမ်းတွေရှိ တဲ့နေရာဖြစ်ပါတ ယ်။  အောင်သာယာနဲ့ အင်းဒင်ဘက်ကိုကျော်တဲ့ကျော်လမ်းပါ။ ဒီပစ္စည်းတွေကတော့ ဘယ်လိုရောက်နေတယ် ဆိုတာ ကို မသိရသေးဘူး။

များသောအားဖြင့်တော့ မောင်တောဘက်ကိုသွားဖို့အတွက် လုပ်ထားတာလည်းဖြစ်နိုင်ပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။
ရသေ့တောင်မြို့နယ်အတွင်း ယခုကဲသို့ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရရှိမှုမှာ နှစ်ကြိမ်ခန့်ရှိပြီဖြစ်ကာ ပထမအ ကြိမ် ဖမ်းဆီးရမိစဉ်ကလည်း ပင်လယ်ပြင်အတွင်းမျောပါလာသည့် အထုပ်များကိုဆည်ယူကာစစ်ဆေးရာမှ မူးယစ်ဆေး ဝါးများဖြစ်နေကြောင်းနှင့် ကာလတန်ဖိုးကျသန်းပေါင်း ၄၅၂၀ ဖိုးရှိပြီး ယခုအကြိမ်ဖမ်းဆီးရရှိသည့် ပစ္စည်းများ၏ ကာလ တန်ဖိုးမှာလည်း ကျပ်သန်းပေါင်း ၃၅၀၀ ကျော်ဖိုးခန့်ရှိကြောင်းနှင့် ယင်းပစ္စည်းများ၏ ပိုင်ရှင်မှန်များကို ဖော်ထုတ်နိုင် ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly