အီရတ်တပ်များ ချည်းကပ်လာ၍ အိုင်အက်စ် ခေါင်းဆောင်များ မိုဆူးလ်မြို့ကို လက်လွှတ်ထွက်ပြေး

အီရတ်တပ်များ ချည်းကပ်လာ၍ အိုင်အက်စ် ခေါင်းဆောင်များ မိုဆူးလ်မြို့ကို လက်လွှတ်ထွက်ပြေး

မိုဆူးလ်၊ အောက်တိုဘာ ၂၀ ။                 ။ အီရတ်နိုင်ငံတွင် မိုဆူးလ်မြို့အား အီရတ်တပ်များ ချည်းကပ်လာနိုင်ချိန်တွင် အိုင်အက်စ် ခေါင်းဆောင်ပိုင်းများ မြို့အား လက်လွှတ် ထွက်ပြေးကြဖွယ်ရှိကြောင်း အမေရိကန်စစ်တပ်က ပြောသည်။

“အီရတ်လုံခြုံရေးတပ်တွေ တိုက်စစ်အရှိန်အဟုန် ရနေတာ သံသယဖြစ်စရာမရှိဘူး။”ဟု ဗိုလ်ချုပ်ကြီး ဂါရီဗိုလက်စကီက ဆိုသည်။

မိုဆူးလ်မြို့ ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်တွင် အီရတ်တပ်များက တောင်ဖက်မှ မြို့အား ချည်းကပ်ကာ ကာ့ဒ်တပ်ဖွဲ့များက အရှေ့မှ ချည်းကပ် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

မြို့အတွင်း အိုင်အက်စ်တိုက်ခိုက်ရေးသမား အင်အား ၅၀၀၀ ကျော်ခန့် ရှိနေနိုင်သည်။

“မိုဆူးလ်မြို့ပြင်ဖက်မှာ လှုပ်ရှားမှုတွေ တွေ့ရတယ်။ ခေါင်းဆောင်တွေ မြို့က ထွက်ခွာကြတာပဲလို့ ကျွန်တော်တို့ သုံးသပ်တယ်။”ဟု အခြေအနေကို ဗိုလ်ချုပ်ကြီး ဂါရီက ထင်မြင်ချက်ပေးသည်။

သို့သော်လည်း မည်သည့် ခေါင်းဆောင်များ ထွက်ပြေးသည်နှင့် မည်သည့်အရပ်သို့ ထွက်ပြေးခြင်းဆိုသည်ကိုမူ ၎င်းက ပြောခြင်း မရှိပေ။

အိုင်အက်စ်၏ ခေါင်းဆောင် အဘူဘတ်အယ်ဘဂ္ဂဒါဒီက မည်သည့်အရပ်တွင် ရှိနေကြောင်းလည်း မသိရသေးပေ။ တစ်ချို့သတင်းများတွင် မိုဆူးလ်မြို့၌ပင် ရှိနေကြောင်းဆိုပြီး တစ်ချို့က မြို့မှ ထွက်ပြေးပြီ   ဖြစ်ကြောင်း ဖော်ပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly