ဒေါ်နယ်ထရန့်နှင့် ဟီလာရီကလင်တန် နောက်ဆုံး စကားစစ်ထိုးပွဲ ယှဉ်ပြိုင်

ဒေါ်နယ်ထရန့်နှင့် ဟီလာရီကလင်တန် နောက်ဆုံး စကားစစ်ထိုးပွဲ ယှဉ်ပြိုင်

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၂၀ ။                     ။ အမေရိကန် သမ္မတဖြစ်ရေး ယှဉ်ပြိုင်မှု စကားစစ်ထိုးပွဲ နောက်ဆုံးအဆင့်အဖြစ် လက်စ်ဗီးဂက်စ်တွင် ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့က ယှဉ်ပြိုင်လျက်ရှိနေသည်။

စကားစစ်ထိုးပွဲတွင် ဟီလာရီက အမျိုးသမီးများနှင့် လိင်တူဆက်ဆံသူများ၏ အခွင့်အရေးကို ပြောဆိုပြီး ထရန့်က လက်နက်ကိုင်ဆောင်ခွင့်အား ကာကွယ်သွားမည်ဟု ပြောသည်။

ထိုပြင် အမေရိကန်နိုင်ငံအတွင်း ကိုယ်ဝန်ဖျက်ချမှု တရားဝင်ခြင်းအား သမ္မတဖြစ်ပါက ပယ်ဖျက်သွားမည်ဟု ဒေါ်နယ်ထရန့်က ဆိုသည်။

ဒေါ်နယ်ထရန့်အနေဖြင့် လိင်ကျုးလွန်စော်ကားသည်ဟု အမျိုးသမီးတို့၏ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် အဓိက ပြည်နယ်များတွင် မဲရလဒ် အရှုံးကြုံနေသည်။

သို့သော်လည်း ဟီလာရီကလင်တန်ဘက်တွင်လည်း ၎င်းအား ယုံကြည်အားကိုး ထိုက်လောက်ခြင်းအပေါ် မေးခွန်းများထွက်ပေါ်နေကာ အကြိုက်မတွေ့သူများလည်း ရှိနေသည်။

အမေရိကန်တွင် မဲပေးပွဲများကို နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည်ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် နီဗားဒါတက္ကသိုလ်၌ Fox News မှ အစီအစဉ်တင်ဆက်သူ ခရစ်ဝဲလ်လက်စ် ပွဲကြီးကြပ်သူအဖြစ် ဆောင်ရွက်သည့် ဟီလာရီနှင့် ထရန့်တို့၏ တတိယမြောက်နှင့်   နောက်ဆုံးဖြစ်သော စကားစစ်ထိုးပွဲအား ကြည့်ရှုသူပေါင်း သန်းပေါင်းများစွာ ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly