တရုတ်စီးပွားရေး ယခုနှစ် တတိယ သုံးလပတ်တွင် ၆ ဒသမ ရ ရာခိုင်နှုန်း တိုးတက်

တရုတ်စီးပွားရေး ယခုနှစ် တတိယ သုံးလပတ်တွင် ၆ ဒသမ ရ ရာခိုင်နှုန်း တိုးတက်

အောက်တိုဘာ ၁၉ ။               ။ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တိုးတက်မှုမှာ ၆ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း အမျိုးသား စာရင်းအင်းရုံးက ထုတ်ပြန်သွားသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးနှင့် အာရှ အင်အားကြီး စီးပွားရေးနိုင်ငံ တရုတ်၏ တိုးတက်မှုနှုန်းမှာ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၆ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တိုးတက်ထားခဲ့ကြောင်း သိရသည်။ နိုင်ငံတွင် ပြည်တွင်း စားသုံးမှုအားက ယခုကဲ့သို့ တိုးတက်မှု၏ အဓိက မောင်းနှင်အားဖြစ်ခဲ့ပြီး ပထမ သုံးလပတ်သုံးခုတွင် ၇၁ ရာခိုင်နှုန်းထိ ထည့်ဝင်ပေးနိုင်ခဲ့သည်ဟု သိရသည်။

"စီးပွားရေး တိုးတက်မှု စွမ်းဆောင်ရည်က မျှော်မှန်းထားတာထက်တောင် ပိုကောင်းနေခဲ့ပါတယ်" ဟု အမျိုးသားစာရင်းအင်း ဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူ ရှန်လိုင်ယွန်က ပြောသည်။

အလားတူ အခြားသော အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ  ယခုအခါ ပြုပြင်ပြောင်းလဲဆဲအဆင့်နှင့် အဆင့်မြှင့်တင်ခြင်း အဆင့်တို့တွင်သာ ရှိနေဆဲဖြစ်ကြောင်းနှင့် တိုးတက်မှု မောင်းနှင်အား အင်ဂျင်ဟောင်းများနေရာတွင် အသစ်များဖြင့် ပြန်လည်အစားထိုး လုပ်ဆောင် နေကြောင်း ပြောဆိုသွားသည်။

ကဏ္ဍအလိုက်ကြည့်ပါက ဝန်ဆောင်မှုကဏ္ဍမှာ တိုးတက်မှု အကောင်းဆုံးဖြစ်ပြီး ပထမသုံးလပတ် သုံးခုအတွင်း၌ တစ်နှစ်ထက်တစ်နှစ် ၇ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ပုံမှန် တိုးတက်လာနေခဲ့သည်ဟုလည်း သိရသည်။

အမျိုးသား စာရင်းအင်းအေဂျင်စီ၏ ကနဦးခန့်မှန်း ထုတ်ပြန်ချက်များအရ  နိုင်ငံ၏ ဂျီဒီပီမှာ ပထမ ကိုးလာတာအတွင်း ယွမ် ၅၂ ဒသမ ၉ ထရီလီယံ (ဒေါ်လာ ၇ ဒသမ ၈၇ ဘီလီယံ)နှင့် ညီမျှနေကြောင်း သိရသော်လည်း  နိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပနှစ်ရပ်စလုံး၍ မတည်မငြိမ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည့် အခြေအနေအပေါ် သတိပေးမှုများလည်း ရှိနေသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly