မားကို့စ်ရုပ်အလောင်း သဂြိင်္ုဟ်ရေးတွင် ဖိလစ်ပိုင်တရားရုံး ဆုံးဖြတ်ချက် မချနိုင်ဘဲရှိနေ

မားကို့စ်ရုပ်အလောင်း သဂြိင်္ုဟ်ရေးတွင် ဖိလစ်ပိုင်တရားရုံး ဆုံးဖြတ်ချက် မချနိုင်ဘဲရှိနေ
ဓာတ်ပုံ-အီးပီအေ

မနီလာ၊ အောက်တိုဘာ ၁၈ ။             ။ ဖိလစ်ပိုင်သမ္မတဟောင်းမားကို့စ်၏ ရုပ်အလောင်းအား လူပြည်သူများ၏ သဘောထားမပါသည့် မနီလာရှိ အမျိုးသားသူရဲကောင်းသုဿန်တွင် သဂြိုၤဟ်ခွင့် ပြုသင့်မပြုသင့်ကို အထက်ခုံရုံးက ဆုံးဖြတ်ချက်မချနိုင်သေးဘဲ ရွှေ့ဆိုင်းထားသည်။

စီရင်ချက်ကို အောက်တိုဘာ ၁၈ ရက်ယနေ့တွင် ချမှတ်ရမည်ဖြစ်သော်လည်း နိုဝင်ဘာ ၈ ရက်အထိ ရွှေ့ဆိုင်မည်ဖြစ်ကြောင်း တရားရုံးပြောရေးဆိုခွင့်ရှိသူ သီယိုဒေါက ပြောသည်။

အာဏာရှင်ဟောင်း မားကို့စ်၏ ကလေးနှစ်ဦးနှင့် ကျန်ရစ်သူ ဇနီးအပါအဝင် ၎င်းအား ထောက်ခံသူတစ်စုက မနီလာရှိ တရားရုံးအပြင်ဖက်တွင် စုရုံးရောက်ရှိကာ သူရဲကောင်းသုဿန်၌ သဂြိၤုဟ်ပေးရေး   တောင်းဆိုကြသည်။ မားကို့စ်အား ပုတ်ခတ်သူများကလည်း အနီးရှိကွီဇွန်မြို့တွင် အာဏာရှင်ဟောင်းအား သူရဲကောင်းသုဿန်တွင် သဂြိၤုဟ်ခြင်းအား ကန့်ကွက်ကြသည်။

လက်ရှိ၌ မားကို့စ်၏ ရုပ်အလောင်းမှာ ဖိလစ်ပိုင်းတောင်ပိုင်းက ၎င်း၏ မွေးရပ်မြေအီလိုကို့စ်ဒယ်နော်တီပြည်နယ်တွင် ထားရှိထားသည်။

လက်ရှိသမ္မတ ဒူတာတေးက မားကို့စ်၏ ရုပ်ခန္ဓာအား သူရဲကောင်းသုဿန်သို့ ပြောင်းရွှေ့ခွင့်ကို စက်တင်ဘာ ၁၈ ရက်က ခွင့်ပြုပေးခဲ့သော်လည်း ကန့်ကွက်သူများက အထက်ခုံရုံးအထိ ကန့်ကွက်စာတင်၍ မပြောင်းရွှေ့နိုင်ဘဲ ရှိနေခြင်းဖြစ်သည်။

သမ္မတဟောင်းမားကို့စ်သည် ၁၉၇၂ မှ ၁၉၈၃ ခုနှစ်အထိ နိုင်ငံတွင် မာရှယ်လောပြဌာန်းခဲ့ပြီး လူသတ်မှုများ၊ နှိပ်စက်ညည်းပန်းမှုများနှင့် လူတစ်သိန်းကျော်အား ဥပဒေမဲ့ ဖမ်းဆီးမှုများအတွက် ၎င်းအား အပြစ်ဆိုစွပ်စွဲခံရသူဖြစ်သည်။ ထိုပြင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံမှ တစ်ဆယ်ဘီလီယံကြား ငွေအမြောက်အမြားကိုလည်း တရားမဝင်စုဆောင်းရယူသည်ဟု စွပ်စွဲခံရသူဖြစ်သည်။

၁၉၈၆ ခုနှစ်အတွင်း လူထုအုံကြွမှုဖြင့် ၎င်း ဖြုတ်ချခံရပြီးနောက် သုံးနှစ်အကြာတွင် ဟာဝိုင်ယီ၌ သေဆုံးခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags