ဘာစီလိုနာနှင့် နောက်ဆုံးစာချုပ်သက်တမ်းတိုးခြင်းဟု မာရှေယာနိုပြော

ဘာစီလိုနာနှင့် နောက်ဆုံးစာချုပ်သက်တမ်းတိုးခြင်းဟု မာရှေယာနိုပြော

အောက်တိုဘာ ၁၈၊ ဘာစီလိုနာ။            ။ ဘာစီလိုနာအသင်းနှင့် ၂၀၁၉ ခုနှစ်အထိရှိစေမည့် သုံးနှစ်စာချုပ်သစ်ကိုလက်မှတ်ထိုးပြီးနောက် ဘာစီလိုနာနှင့်နောက်ဆုံး စာချုပ်ခြင်းဟု မာရှေယာနိုက ပြောသည်။

အာဂျင်တီးနားလက်ရွေးစင်မာရှေယာနိုက “ဒါက ကျွန်တော်နောက်ဆုံးစာချုပ်တာလို့ ပြောနိုင်ပါတယ်။ ကျွန်တော့်ကို ကစား သမားကောင်းတစ်ယောက်အဖြစ် အမှတ်ရနေကြဖို့ မျှော်လင့်ပါတယ်။

ပြီးတော့အချိန်တွေကိုနောက်ပြန်သွားလို့ရရင် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဘာစီလိုနာမှာပဲ ကစားချင်ပါတယ်”ဟု ပြောသည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၂၉၀ ကစားထားသော နောက်ခံလူသည် တနင်္လာနေ့က အသင်းနှင့် စာချုပ်သစ်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်ခြောက်နှစ်က လီဗာပူးလ်မှပြောင်းလာပြီးနောက် ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလား ၁၇ လုံးရရှိထားသည်။ ယင်းဆုဖလားများထဲတွင် လာလီဂါဖလားလေးလုံး၊ စပိန်ဖလားသုံးလုံး၊ ချန်ပီယံလိဂ်ဖလားနှစ်လုံး၊ ဥရောပစူပါဖလားနှစ်လုံးနှင့် ကလပ်ကမ္ဘာ့ဖလားနှစ်လုံးတို့ပါဝင်သည်။

မာရှေယာနိုသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ဂျူဗင်တပ်အသင်းနှင့်သတင်းထွက်ခဲ့သေးသော်လည်း ယခုအခါ ဘာစီလိုနာအသင်းနှင့်သာ စာချုပ်သစ်ချုပ်လိုက်ခြင်းဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly