မန်ယူနှင့် သရေကျသဖြင့် လီဗာပူးလ်နည်းပြ ကလော့ပ် စိတ်ပျက်

မန်ယူနှင့် သရေကျသဖြင့် လီဗာပူးလ်နည်းပြ ကလော့ပ် စိတ်ပျက်

အောက်တိုဘာ ၁၈၊ လီဗာပူးလ်။                     ။ မန်ယူနှင့်သရေကျသည့် ရလဒ်မှာမဆိုးသော်လည်း စိတ်ပျက်မိကြောင်းကိုမူ လီဗာပူးလ်နည်းပြကလော့ပ်က ဝန်ခံပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ခြေစွမ်းနဲ့ ထိုက်သင့်သလောက် မကစားနိုင်ခဲ့ဘူး။ ပွဲအစပိုင်းမှာ အိုကေခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ ခံစစ်ကြောင့် ကျွန်တော်တို့ မစွမ်းဆောင်နိုင်တော့ဘူး။

ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် မရှိခဲ့ဘူး။ အဲဒါက သူတို့စတိုင်ပဲ၊ အဆင်ပြေမှာပါ၊ လေးစားမှု ထားရမယ်၊ ဒါပေမဲ့ အေးဆေးဖို့တော့ လိုတယ်။

ဒီပုံစံက ကျွန်တော်တို့ ကစားချင်တဲ့ပုံစံ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ တစ်မှတ်ရခဲ့တာကိုတော့ လက်ခံပါတယ်။ ကမ္ဘာပေါ်မှာ အဆိုးဆုံး အရာတွေက အများကြီးရှိတာပဲလေ”ဟု ကလော့ပ်က ပြောသည်။

လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆင်ကလည်း အသင်းနေဖြင့် ခြေစွမ်းရှိသလောက် ကစားနိုင်ခြင်းမရှိခဲ့ကြောင်း၊ တိကျသည့် အခွင့်ရေးများများစားစား ဖန်တီးနိုင်ခြင်း မရှိခဲ့ကြောင်း၊ မန်ယူအသင်းမှာ ပွဲကစားရန်ထက် အလုပ်တစ်ခုလုပ်ရန် လာခဲ့ခြင်းသာဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly