အိန္ဒိယတွင် ဆေးရုံ မီးလောင်၍ အနည်းဆုံး လူ ၂၃ ဦးသေဆုံး

အိန္ဒိယတွင် ဆေးရုံ မီးလောင်၍ အနည်းဆုံး လူ ၂၃ ဦးသေဆုံး

နယူးဒေလီ၊ အောက်တိုဘာ ၁၈ ။               ။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဆေးရုံတစ်ရုံတွင် မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးကြောင်း ဌာနေတာဝန်ရှိသူများက ပြောသည်။

သြရိဿပြည်နယ် ဘူဘန်နီစဝါမြို့ရှိ SUM ဆေးရုံမှ ကျောက်ကပ်ဆောင်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ လူနာ ဒါဇင်များစွာကို မြို့ရှိ အခြားကျန်းမာရေး စင်တာများသို့   ပြောင်းရွှေ့ပေးထားသည်။

မီးအား မီးသတ်အင်အား ၁၂၀ နီးပါးဖြင့် ငြှိမ်းသတ်ခဲ့ရသည်။ ယခုမီးလောင်မှုကြောင့် စိတ်ကြေကွဲရကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောသည်။

“လျှပ်စစ်ဝါယာ ရှော့ကြောင့် မီးလောင်တာလို့ ယူဆရပါတယ်။”ဟု ဌာနေမီးသတ်ဌာန တာဝန်ရှိသူတစ်ဦးကြောင်း အိန္ဒိယသတင်းစာက ဖော်ပြသည်။

သေဆုံးသူအများစုက မီးခိုးမွှန်ခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ကြောက်လန့်နေသည့် တစ်ချို့သော လူနာနှင့် ဆေးရုံဝန်ထမ်းများက ဆေးရုံပြတင်းပေါက်မှ ခုန်ချရန် ကြိုးစားကြ၍ ရဲနှင့် မီးသတ်အဖွဲ့က တားဆီးခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags